လေဖြတ်ခြင်း မဖြစ်အောင်
25-Feb-2017
၁။ ချောကလက်စားပြီး သွေးစီးဆင်းမှု ကောင်းအောင်လုပ်ပါ
လေ့လာမှုကြီးအရ နေ့စဉ် ချောကလက်တစ်တုံး (Square) စားသုံးသူတွေဟာ
လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဖလေဖနောတွေဟာ ကိုလက်စထရောတွေ သွေးကြောနံရံတွင်း စေးကပ်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
၂။ သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားမှုလုပ်ပါ
နေ့စဉ် တစ်နာရီခန့် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်တာကြောင့် လေဖြတ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း လျော့ကျနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လှုပ်ရှားမှု ပြုလုပ်တာကြောင့်
သွေးကြောကျန်းမာရေး ကောင်းမွန်စေပြီး ဦးနှောက်တွင်း သွေးစီးဆင်းမှု ပိုကောင်းစေ
ပါတယ်။
၃။ ရေများများသောက်ပါ
နေ့စဉ် ရေငါးခွက် သောက်တာကြောင့် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်
ပါတယ်။ ရေဓာတ် ပြည့်ဝနေတာကြောင့် သွေးကျဲနိုင်ပြီး သွေးကြောတွင်း သွေးခဲနိုင်ခြေ နည်းသွားပါတယ်။
၄။ ဆိုဒီယမ် လျှော့စားပါ
လေ့လာမှုတွေအရ နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်းစာ ဆားကိုသာ စားသူတွေဟာ ဆား ၁ ဇွန်းစာထက် ပိုမို စားသူတွေထက် လေဖြတ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း လျော့ကျတယ်လို့
သိရပါတယ်။ ဒါကြောင့် ဆားပါဝင်မှုများတဲ့ အဆင်သင့် စားသုံးလို့ရတဲ့ အစားအစာတွေ၊
ပြုပြင်ထားတဲ့ အစာတွေကို မစားပါနဲ့။
၅။ အန္တရာယ် အကင်းဆုံး ပဋိသန္ဓေတားဆေးကို ရွေးချယ်ပါ
အသက် ၃၅ နှစ်ကျော်ပြီး သွေးဖိအားအမှတ် ၁၂၀/၈၀ ထက် များတာ ဒါမှမဟုတ်
ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ အနေနဲ့ အီစထရိုဂျင် ပါဝင်တဲ့ ပဋိသန္ဓေ တားဆေး
ကို ရှောင်သင့်ပါတယ်။ လေဖြတ်နိုင်ခြေ များလို့ပါ Progestin တစ်မျိုးတည်းပါတဲ့ သန္ဓေတားဆေး ဒါမှမဟုတ် IUCDs အသုံးပြုပါ။
Healthcare.com.mm
Ref:Good Health
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
