ဆီးချို သမားများ၏ သွေးတိုး
25-Feb-2017
အကယ်၍ သင့်မှာ သွေးတိုး ရော ဂါရော၊ ဆီးချို ရောဂါ ပါ တွဲဖက် ရှိနေပြီ ဆိုရင် ထိတ်လန့် လှုပ်ရှားမသွား ပါနဲ့။ ဒါမျိုးဖြစ်တာ သင်တစ်ဦးတည်း မဟုတ်aကြာင်းသတိ
ရပါ။ လေ့လာတွေ့ရှိချက် များအရ ဆီးချိုရော၈ါရှင် (၃) ဦးလျှင် (၁) ဦးတွင် သွေးတိုးနေ
တတ်ကြောင်း သိရသည်။ ဆီးချိုရောဂါရှင်များရှိအပ်သော သွေးပေါင်ချိန်မှာ ၁၃၀/၈၀ မီလီမီတာ မာကျူရီအောက်ဖြစ်ကြောင်းအပြည်ပြည် ဆိုင်ရာကျန်းမာရေးဌာနနှင့် အမေရိကန် ဆီးချိုရောဂါဆရာဝန်များ အဖွဲ့အစည်း မှ သတ်မှတ်ထားသည်။
သွေးပေါင်ချိန် ကိုကောင်းစွာထိန်းထားခြင်းအားဖြင့် နှလုံးအလုပ်လုပ်ရခြင်းကို သက်သာစေ သောကြောင့် နှလုံးရောဂါ၊ လေဖြတ် ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့်
အခြားသော ဆီးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ထိန်းချုပ်ပြီးသားဖြစ် သည်။
သွေးတိုးရောဂါကိုကာကွယ်ရန် အကောင်းဆုံးမှာ အငန်လျော့စားခြင်း ပင်ဖြစ်သည်။ သို့သော် လေ့လာချက် များအရ အငန်ဓာတ်မလျော့သည့်တိုင်အဆီဓာတ်နှင့်ကယ်လိုရီ
နည်းသည့် အစားအစာကို အသီးအနှံ၊ ဟင်းသီး ဟင်းရွက်များစွာနှင့် တွဲဖက်စားသုံးပါ
က လည်းသွေးတိုးခြင်းမှ ကာကွယ်နိုင် ကြောင်းတွေ့ရသည်။ အကြောင်းမှာ ၄င်းတို့တွင်
ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီ ဆီယမ်နှင့်ကယ်လ်ဆီယမ်ဓာတ်တို့သည်
သွေးပေါင်ကျစေသော အစွမ်းရှိသော ကြောင့်ဖြစ်သည်။ အစားအသောက်နှင့်သွေးတိုး
ကို ထိန်းလိုပါက -တစ်နေ့လျှင် ဟင်းသီးဟင်းရွက် ပန်းကန်လုံးအသေးနှင့် ၄-၅ ခွက်ခန့် စားပါ။ -တစ်နေ့လျှင် အသီးအနှံ ၄-၅ လုံး(သို့) ၄-၅ မျိုးခန့်စားပါ။ -အဆီထုတ်ထားသော
နွားနို့ (Skimmed milk)၊ ဒိန်ချဉ်၊ cheese တို့ကို နှစ်ခွက်ထက်ပိုမသောက်ပါနှင့် -အသားကိုတစ်နေ့လျှင် ၆ အောင်စ (၁၀ ကျပ်သားထက်) ပိုမစား ပါနှင့် ။ အသားကို တတ်နိုင်သမျှလျော့ စားပါ။ -ဆိုဒီယမ် (အငန်ဓာတ်)များသော အစားအစာ (ဥပမာ Ready made အစားအစာ)များကိုရှောင်ပါ။
Healthcare.com.mm
Ref: လပ်ကီးမြို့တော်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
