ထိပ်ခပ်နာ ဝေဒနာရှင်များအတွက် ဝမ်းမြောက်ဖွယ်
25-Feb-2017
မိမိသည် ထိပ်ခပ်နာ ရောဂါကို ငယ်စဉ်ကတည်းက နှစ်ရှည်လများ ခံစားနေရသူဖြစ်ပါတယ်။ခုတလော အအေးမိ ဖျားနေသည့်အတွက် နှာသီးပိတ်ပြီး ညဘက်အိပ်လို့ပင်မရပါ။ တစ်နေ့ပါပါးက ဆေးနည်းလေးတခုယူလာပါတယ်။
စမ်းကြည့်ဖို့ပြောပါတယ်။ ဆေးပေးတဲ့သူက အာမခံနဲ့ ဆယ်ယောက်မှာ ကိုးယောက်ပျောက်တယ်လို့ပြောပါတယ်။ ခုစမ်းကြည့်တာ တစ်ကြိမ်မှာပင် အတော်သိသာပြီး ယခု သုံးကြိမ် သုံးပြီးချိန်မှာတေ့ာ အတော်ကောင်းမွန်သွားပါပြီ။
နှာရည် ပုပ်များ အတော်ကင်းသွားပြီး နှာချေလည်း သက်သာသွားပါပြီ။
ထိပ်ခပ်နာ ဝေဒနာရှင်များ လက်တွေ့စမ်းသပ်ကြည့်စေလိုပါသည်။ဆေးနည်းက
အင်မတန်လွယ်ကူပါသည် နံ့သာဖြူ နှင့် ကင်မွန်းသီးကို ကျောက်ပြင်သန့်သန့်ပေါ်တွင် ဆတူခန့် သွေး၍ နှာခေါင်းတွင်းသို့ ဝင်နိုင်သမျှ ဝင်အောင် တစ်ကော် ထည့်ပေးပါ။
မကြာခင်ပူလာပါလိမ့်မည်။ နှာချေလာပြီး အပုပ်ရည်များ ကျဆင်းလာပါလိမ့်မည်
တစ်နေ့ သုံးကြိမ် လိမ်းကြည့်ပါ။ပိုသောဆေးများကိုလည်း နှာခေါင်းအပြင် ပတ်ဝန်းကျင်ကို လိမ်းပေးနိုင်ပါသည်။ ကျမ သုံးကြိမ် သုံးကြည့်ပြီးပါပြီ။
ဝေဒနာ ပျောက်ကင်းကြပါစေရန် စေတနာထား ဝေမျှ လိုက်ရပါသည်။
Ref : Thanda Than
October 10 .2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

