ကလေးဘဝ စိတ်ဖိစီးမှုကြောင့် အရွယ်ရောက်ချိန်တွင် နှလုံးရောဂါပိုဖြစ်နိုင်
25-Feb-2017
ကလေးဘဝတွင် စိတ်ဖိစီးမှုကို ကြာမြင့်စွာ ခံစားခဲ့ရပါက အရွယ်ရောက်ချိန်တွင်
နှလုံးရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေများ ကြောင်း ဗြိတိန်နိုင်ငံတွင် ၁၉၅၈ က သီတင်းတစ်ပတ်တည်းအတွင်း မွေးဖွားသူ ၇,၀၀၀ ခန့်ကို ၄၅ နှစ်ကြာ လေ့လာခဲ့မှု
တစ်ရပ်အရ သိရသည်။ ကလေးဘဝနှင့် အရွယ်ရောက်ပြီး ဘဝတို့တွင် စိတ်ဖိစီးမှု အနည်းငယ် ခံစားခဲ့ရသည်ဆိုသူများနှင့် နှိုင်းယှဉ်ပါက ဘဝတစ်လျှောက် စိတ်ဖိစီးမှု ကြာရှည်စွာခံစားခဲ့ရသူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တရာယ် ပိုမြင့်မားကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ယခုလေ့လာမှုတွင်
၁၉၅၈ က အသက် (၇) နှစ်၊ (၁၁) နှစ်၊ (၁၆) နှစ်၊ (၂၃) နှစ်၊ (၃၃) နှစ်နှင့်(၄၂) နှစ်
အရွယ်တို့တွင် လေ့လာ ထားသည့် စိတ်ဖိစီးမှုနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များ ကို လေ့လာထားခြင်းဖြစ်သည်။
သက်လတ်ပိုင်းအရွယ်အထိ စိတ်ဖိစီးမှုဒဏ်ကို ခံစားရသူများ ၏ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်များသည် ငယ်ဘဝက ကိုယ်အလေးချိန်
များခဲ့သူများထက်ပင် ပိုများကြောင်း သိရသည်။ ကလေးဘဝတွင် ပြင်းထန်သော
စိတ်ဖိစီးမှုနှင့် ကြာရှည်သော စိတ်ဖိစီးမှုဒဏ် ဆက်လက်ခံစားရသူများသည် အခြားသော အကြောင်းရင်းများကို ထည့်သွင်းတွက်ချက်ပြီးနောက်မှာပင် ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။ ကလေးဘဝတွင် လူမှုပတ်ဝန်းကျင်၌
အခက်အခဲကြုံတွေ့ရ ခြင်းကြောင့် စိတ်ဖိစီးမှု မြင့်မားစွာ ဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်း သုတေသီများက ပြောသည်။ ယင်းအတွက်ကြောင့် ကြိုတင်ကာကွယ်မှုနှင့်
ဖြေရှင်းရေးနည်းလမ်းများကို ကလေးများအတွက်သာ မဟုတ်ဘဲ ၎င်းတို့၏ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍လည်း လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှု၏ ရှည်ကြာသော အန္တရာယ်များကို လျှော့ချသင့်သည်ဟုသု တေသီများကအကြံပေးသည်။
Ref : 7 days daily
No.874 Friday, October 2, 2015
Source:TOI
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
