အဝလွန်ရောဂါကုသရန် သည်းခြေရည်အက်ဆစ်လုပ်ငန်းများက ပိုမိုအရေးပါနိုင်
24-Feb-2017
အဝလွန်ရောဂါ အတွက် ခွဲစိတ်ကုသမှုသည် ကိုယ်အလေးချိန် ကျစေရန် အတွက်သာမက ဆီးချိုသွေးချိုရောဂါနှင့် နှလုံးရောဂါတို့ အတွက်ပါ အကျိုးကျေးဇူးများ
ရရှိစေကြောင်း Sahlgrenska Academy နှင့်University of Cincinnati မှ သုတေသီများက ဆိုသည်။ ခွဲစိတ်ကုသခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများသည် အစာအိမ် အရွယ်အစား လျော့နည်းသွားခြင်းကြောင့် မဟုတ်ဘဲသွေးတွင်းသည်းခြေရည်
အက်ဆစ်များလာခြင်းကြောင့် ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
သုတေသနတွင် သည်းခြေရည် အက်ဆစ်အချက်ပြစနစ်၏ လက်ခံပစ္စည်း
တစ်မျိုးဖြစ်သော FXR ကို အဓိကထား လေ့လာခဲ့သည်။ FXR ထုတ်လုပ်နိုင်သည့် မျိုးဗီဇပါဝင်သူ ကြွက်များနှင့် မပါဝင်သူ ကြွက်များကို အစာအိမ်ဖြတ်တောက် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့ရာ FXR မျိုးဗီဇပါဝင်သူ ကြွက်များတွင်
ကိုယ်အလေးချိန်ကျလာပြီး အချိုဓါတ်ချေဖျက် နိုင်စွမ်းလည်း တိုးတက်လာသော်လည်း
FXR မျိုးဗီဇမပါသည့် ကြွက်များတွင် ခွဲစိတ်မှုမှာ အကျိုးမဖြစ်ထွန်းသည် ကိုတွေ့ရသည်။
အစာအိမ် ဖြတ်တောက်မှုကြောင့် အူအတွင်း ပိုးမွှားများ ပြောင်းလဲမှုဖြစ်ပေါ်ရာ FXR လက်ခံပစ္စည်း၏ အချက်ပြမှုများပါ ပြောင်းလဲပြီး အချိုဓါတ်ချေဖျက်နိုင်စွမ်းမြင့်တက်
လာသည်။
ထို့ကြောင့် ခွဲစိတ်ကုသခြင်းထက် အူတွင်းပိုးမွှားများနှင့် FXR လက်ခံပစ္စည်းတို့ကို
ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် တိုက်ရိုက် ဦးတည်ကုသခြင်းသည်သာ အဝလွန်ရောဂါ
နှင့်ဆီးချိုသွေးချိုရောဂါ တို့အတွက် အကျိုးရှိမည်ဖြစ်ကြောင်းသိရသည်။ အဝလွန်
ရောဂါသည် ကမ္ဘာတစ်ဝှမ်း အဖြစ်များလျက်ရှိရာ အဝလွန်သူတိုင်းကို အစာအိမ်
ဖြတ်တောက်၍ ခွဲစိတ်ကုသရန် မလွယ်ကူသောကြောင့် FXR လက်ခံပစ္စည်းကို တိုက်ရိုက်ဦးတည် ကုသမှုများသည်သာ အနာဂါတ်တွင် အရေးပါလာမည် ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
Ref:
ဇော်ကို
Health Updates Journal:No. 116
as in:MNT
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
