အဝလွန်ခြင်းကြောင့် အဆုတ်တွင် အဆီများ ပိတ်ဆို့ကာ ပန်းနာရင်ကျပ်ဖြစ်နိုင်...
08-Jun-2020
အဝလွန်တာကြောင့် အဆုတ်မှာ အဆီတွေ ပိတ်ဆို့နေမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေများတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ အရင်က အဝလွန်ခြင်းကြောင့် အသက်ရှူပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိထားခဲ့ကြပေမယ့် အခုမှ ပထမဆုံးအကြိမ်အဖြစ် အဝလွန်တာဟာ လေပြွန်နံရံမှာ အဆီတစ်သျှူးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုခဲ့ကြတာပါ။ သြစတေးလျနိုင်ငံ ပါ့သ်မြို့မှ Sir Charles Gairdner Hospital မှ သုတေသီတွေက သုတေသနကို ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ လေပြွန်ကို ကျဉ်းမြောင်းသွားစေတဲ့ အနည်ထိုင်အဆီတွေက လူတွေရဲ့ လေပြွန်တည်ဆောက်ပုံကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သုတေသီတွေက
ပန်းနာရင်ကျပ်ကြောင့် သေဆုံးသူတွေ၊ တခြားအကြောင်းရင်းနဲ့ သေဆုံးခဲ့တဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေနဲ့
ပန်းနာရင်ကျပ်ရောဂါမရှိသူတွေဆိုပြီး သုံးဖွဲ့ခွဲလေ့လာခဲ့ကြပါတယ်။ အဆုတ်တစ်သျှူးထဲက
အဆီပမာဏကို အဲဒီလူနာရဲ့ BMI၊ ဆေးမှတ်တမ်းတွေနဲ့ ယှဉ်ကြည့်ခဲ့ရာမှာ ကိုယ်အလေးချိန်ဟာ
အဆုတ်ထဲကအဆီနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ အရင်က အသည်းလို ကိုယ်တွင်းအင်္ဂါတွေမှာ
စုပုံတတ်တဲ့ အဆီတွေအကြောင်းကိုသာ သိရှိခဲ့ကြတာဖြစ်ပြီးတော့ လေပြွန်ထဲက အဆီရဲ့ အကျိုးသက်ရောက်မှုကို
မသိရှိခဲ့ကြဘူးလို့ သိရပါတယ်။
Credit : အေးယုနိုင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
