အရက်နှင့်ကင်ဆာရောဂါ
02-Nov-2019
အရက်သေစာသောက်စားခြင်းသည် အဆိပ်ပင် ရေလောင်းနေသကဲ့သို့ပင်ဖြစ်ပါသည်။ ယခုအခါ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဘီယာသောက်ခြင်းကိုပင် ကင်ဆာရောဂါကင်းဝေးစေနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။ နိုင်ငံတကာ သုတေသနစာတမ်းများအရ အရက်သောက်သုံးသော ပမာဏများလေလေ ကင်ဆာဖြစ်ပွားသောနှုန်း မြင့်လေလေ ဖြစ်ကြောင်း လေ့လာသိရှိရသည်။ အထူးသဖြင့် ဆေးလိပ်လည်းသောက်၊ အရက်လည်းသောက်ဆိုလျှင် ကင်ဆာဖြစ်ဖို့ အလားအလာ အလွန်များပါသည်။
အရက်ကြောင့်ဖြစ်သော ကင်ဆာခုနစ်မျိုးရှိကြောင်း ယူကေနိုင်ငံ အခြေစိုက် ကင်ဆာသုတေသနဌာနမှ ဆိုသည်။ ၎င်းတို့မှာ ခံတွင်းကင်ဆာ Oral Cancer ၊ လည်ချောင်းကင်ဆာနှစ်မျိုး Laryngeal cancer and Pharyngeal
cancer ၊
အစာရေမျိုပြွန်ကင်ဆာ
Oesophageal cancer ၊
အသည်းကင်ဆာ Liver
cancer ၊
အူကင်ဆာ Bowel
cancer အထူးသဖြင့်
အူမကြီးကင်ဆာ
Colon cancer နှင့်
စအိုကင်ဆာ Rectal
cancer တို့
ဖြစ်ပါသည်။
ယူကေနိုင်ငံတွင်
သက်လတ်ပိုင်းအရွယ်
အမျိုးသမီး
၁ ဒသမ ၂ သန်းကို ခုနစ်နှစ်တာ လေ့လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ချက်အရ အရက်သောက်သုံးသော အမျိုးသမီးများသည် မသောက်သော အမျိုးသမီးများထက် ကင်ဆာရောဂါဖြစ်ပွားနှုန်း သိသိသာသာမြင့်တက်နေကြသည်။ ယူကေနိုင်ငံမှာ အရက်ကြောင့် တစ်နှစ်ကို လူပေါင်း ၁၂၅၀၀ ခန့် ကင်ဆာဝေဒနာ ခံစားနေကြရပြီး ၎င်းအရေအတွက်သည် ကင်ဆာရောဂါသည်အားလုံး၏ လေးရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ထိုသို့ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ဆိုလျှင် မည်မျှရှိနိုင်ပါမည်နည်း။
အရက်သောက်လျှင် ကင်ဆာဖြစ်ရသောအကြောင်းအား လေ့လာကြည့်ကြသောအခါတွင် အဓိကအချက် နှစ်ချက်ကို တွေ့ရှိခဲ့ရသည်။ ပထမအချက်မှာ အရက်၏ မက်တာဘိုလိုက် Metabolite ဖြစ်သော အက်ဆီတယ်ဒီဟိုက် Acetaldehyde ကြောင့် ဖြစ်သည်။ ၎င်းသည် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်း တစ်နည်းအားဖြင့် ပြောရလျှင် အဆိပ်အတောက်ပစ္စည်းဖြစ်သည်။ ဒုတိယအချက်မှာ အရက်သောက်လိုက်လျှင် အစာအိမ်နှင့် အူလမ်းကြောင်းမှနေတစ်ဆင့် အသည်းသို့ အရင်ဆုံးရောက်ရှိပါသည်။ ပါဝင်သော အယ်လ်ကိုဟောများသည်
အသည်းကို
တိုက်ရိုက်ထိခိုက်
ပျက်စီးစေသည်။
ထို့ကြောင့် ယင်း အယ်လ်ကိုဟောသည် အသည်းမှ အက်ဆီတယ်ဒီဟိုက်အဖြစ် ပြောင်းပြီး ခန္ဓာကိုယ်မှ ဖယ်ထုတ်ရန် ကြိုးစားကြသည်။ အသည်းဆိုသည်မှာလည်း လူတို့စားသမျှ အစားအသောက်ထဲတွင်ပါရှိသော အဆိပ်အတောက်တို့ကို ဖျက်ဆီးပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် လုပ်ဆောင်ပေးရသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အရက်ကို မကြာခဏ သောက်သောသူများသည် ကင်ဆာရောဂါအပြင် ခန္ဓာကိုယ်အနှံ့အပြားကို ထိခိုက်ပျက်စီးစေပါသည်။ ညအရက်သောက်ထားပြီး မနက်အိပ်ယာထချိန် ခေါင်းကိုက်ရခြင်းမှာ အက်ဆီတယ်ဒီဟိုက်တို့သည် ဦးနှောက်ကို ထိခိုက်ပျက်စီးစေသောကြောင့် ဖြစ်ပါသည်။ အရက်သောက်သော ကာလကြာလာလျှင် အသည်းဆဲလ်ထဲရှိ ဒီအမ်အေများ ပျက်စီးပြီး အသည်းခြောက်ရောဂါ Cirrhosis of Liver ဖြစ်လာနိုင်ပါသည်။ ထိုအဆင့်မှတစ်ဆင့် အသည်းကင်ဆာအဖြစ်သို့ ပြောင်းလဲသွာပါသည်။
အမျိုးသားရော၊ အမျိုးသမီးများပါ အရက်သောက်သည့် ကာလကြာရင့်လာလျှင် ဟော်မုန်းဓာတ်တို့ ပြောင်းလဲသွားတတ်သည်။ ထို့ပြင် အရေးကြီးသောအရာတစ်ခုမှာ အရက်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း
တလျှောက်တွင်
ကင်ဆာဖြစ်နိုင်ချေ
ပိုများလာနိုင်ပေသည်။
အရက်ကို လုံးဝမသောက်လျှင် အကောင်းဆုံးဖြစ်သည်။ ကြိုက်လို့သောက်လျှင်လည်း အနည်းငယ်သာ သောက်ပါဟု အကြံပြုထားသည်။ အမျိုးသားများမှာ နှစ်ပက် (2
pint) နှင့်
အမျိုးသမီးများမှာ
တစ်ပက်
(1 pint) လောက်သာ သောက်သင့်ကြောင်း အမေရိကန်ကင်ဆာအဖွဲ့မှ ဆိုထားသော်လည်း ယူကေတွင်မူ အမျိုးသားများ (4 pint) နှင့် အမျိုးသမီးများ အနေဖြင့် နှစ်ပတ် (2 pint) ထိ ခွင့်ပြုထားသည်။
ယခုအခါတွင် အနောက်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် အမျိုးသမီးများပါ အရက်သောက်မှု ရှိလာသည်။ အမျိုးသမီးတို့မှာ ခန္ဓာကိုယ်အချိုးအစားသေးသဖြင့်လည်းကောင်း၊ အဆီပိုများပြီး ရေဓာတ်နည်းသောကြောင့်လည်းကောင်း၊ အသည်းတွင်ရှိသော အယ်လ်ကိုဟောကို
ပျက်စီးစေသော
အင်ဇိုင်းပါဝင်မှုသည်
အမျိုးသားများထက်
ပိုနည်းသည့်အကြောင်းများကြောင့်
အရက်သောက်သုံးမှုကို
ပိုမပြုအပ်ပေ။
ဘီယာ၊ ဝိုင် စသောအရာတို့တွင်လည်း အယ်လ်ကိုဟောပါဝင်သည့်အတွက် များများသောက်၍မရပေ။ အချို့ အမျိုးသား၊ အမျိုးသမီးတို့သည် အရက်နှင့် ဆေးလိပ်နှစ်ခု တွဲကာ သောက်သုံးလေ့ရှိကြသည်။ ထိုနှစ်ခုတွဲလိုက်လျှင် ကင်ဆာဖြစ်နိုင်ခြေ အလွန်များသည့်အတွက် တစ်ပြိုင်တည်း မပြုလုပ်ရန် အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် အရက်ကို တတ်နိုင်သလောက်ရှောင်ကြရန် လိုပါသည်။
သာမန် ဆေးဖြစ် ဝါးဖြစ် သောက်မည်ဆိုလျှင်လည်း အရက်အမျိုးအစား အကောင်းစားတို့နှင့် ဝိုင်တို့ကို အနည်းငယ်သောက်သုံးလိုက သောက်သုံးနိုင်သည်။ သို့သော် လမ်းဘေးမှ အရည်အသွေးညံ့သော အရက်တို့ကို အမြဲသောက်သုံးမည်ဆိုလျှင် ကင်ဆာရောဂါဖြစ်ရန် ကျိန်းသေသလောက်
ရှိပါပေသည်။
Credit: မာန်သစ်ငြိမ်း (ရှေးဟောင်းသုနေသန)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
