မြန်မာနိုင်ငံတွင် အဖြစ်များသော အတွင်းတိမ်ရောဂါ
23-Jul-2017
အတွင်းတိမ်ဖြစ်ရသော အကြောင်းရင်း
အတွင်းတိမ်ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျပြောဖို့မလွယ်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် အသက်အရွယ်ကြီးတာကြောင့် ဖြစ်တဲ့အတွင်းတိမ် ( Age related cataract )နဲ့ ရောဂါတစ်ခုခုကို အခြေခံပြီး ဖြစ်တဲ့ အတွင်းတိမ် ( Secondary Cataract ) ဆိုပြီး အုပ်စုနှစ်ခု ရှိပါတယ်။
(၁) အသက်အရွယ်ကြောင့်ဖြစ်တဲ့ အတွင်းတိမ်မှာ အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ် ( Senile cataract )နဲ့ မွေးရာပါ အတွင်းတိမ် ( Congenital cataract ) ဆိုပြီး နှစ်မျိုးရှိတယ်။
(၂) Secondary cataract အကြောင်းပြောပြရမယ်ဆိုရင် မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးက နောက်ကျိသွားရာက အတွင်းတိမ်ဖြစ်တာပါ။ အဲ့ဒီမှန်ဘီလူးက သန္ဓေသားဘဝမှာ Ectoderm ဆိုတဲ့ Structure တစ်ခုထွက်လာပြီး အတွင်းEctoderm က အရေပြားဟာလည်း အတွင်းတိမ်ဖြစ်လာတယ်။ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးကလည်း အတွင်းတိမ်ဖြစ်လာတယ်။
အသက်ကြီးလို့ ပါးရေတွန့်သလိုပဲအတွင်းတိမ်ဖြစ်လာတာက သဘာဝဖြစ်စဉ်တစ်ရပ်ပါပဲ။ ဒါအပြင် အရေပြားနဲ့ဆက်စပ်နေတဲ့ အရေပြားရောဂါတွေဖြစ်တဲ့ Atopic dermatitis နဲ့ နှင်းခူ Eczema တို့ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်တယ်။ ကြွက်သားကြုံလို့ ဖြစ်တဲ့ရောဂါ ( Muscular dystrophy ) ဖြစ်တဲ့ ကလေးငယ်တွေမှာလည်း အတွင်းတိမ်ဖြစ်တာပိုများသည်။ အရိုးရောဂါတစ်မျိုးဖြစ်တဲ့ Osteogenesis imperfecta ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်သည်။ Endocrine မှာဆိုရင် ဆီးချို၊ သွေးချို ရောဂါနဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းအားနည်းတဲ့ Hypothyroidism ရောဂါသည်တွေမှာလည်း အတွင်းတိမ်ဖြစ်တာများပါတယ်။
Trauma လို့ခေါ်တဲ့ မျက်စိမှာ ထိခိုက်ဒဏ်ရာရတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ မျက်စိကို ထိခိုက်ဒဏ်ရာရတာမှာ မျက်စိကို လက်နဲ့ထိုးမိတာ၊ တုတ်နဲ့ ထိုးမိတာစတဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် အတွင်းတိမ်ဖြစ်တတ်သလို ဓာတ်ရောင်ခြည်သင့်ခြင်း ( Radiation ) ကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ ပြီးတော့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် UV light နဲ့ ထိတွေ့မှုများတာကြောင့်လည်း အတွင်းတိမ်ဖြစ်တတ်ပါတယ်။ Intraoccular inflammation ဆိုတဲ့ မျက်လုံးရောင်ရမ်းမှုကြောင့်လည်း Complicated cataract ဆိုတဲ့ အတွင်းတိမ်ရောဂါတစ်မျိုးဖြစ်လာပါတယ်။ စတီးရွိုက် Steroid ဆေးဝါးသောက်တဲ့သူတွေမှာလည်း အတွင်းတိမ်ဖြစ်တာများသလို ဆရာဝန်တွေက စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကိုပေးတဲ့ Chlropromazine ဆေးဝါးတွေကြောင့်လည်း အတွင်းတိမ်ရောဂါဖြစ်တတ်ပါတယ်။
ကိုးကား - Arogyam July 2013 ( မျက်စိအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးတင်ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း )
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
