ပန်းနာရင်ကျပ်ရောဂါ သက်သာစေရန် ပန်းဂေါ်ဖီစိမ်း စားပါ
01-Mar-2017
လေ့လာမှုအရ ပြုတ်ထားသော ပန်းဂေါ်ဖီစိမ်းကို နေ့စဉ်စားခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်ကြောင်း သြစတြေးလျ လေ့လာသူတို့က ဆိုသည်။ နေ့စဉ် ပန်းဂေါ်ဖီစိမ်းပြုတ် တစ်ခွက် (သို့) နှစ်ခွက်စားခြင်းသည် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ သက်သာစေမည့် ကုထုံးအသစ်ဖြစ်ကြောင်း မဲလ်ဘုန်း မှလေ့လာသူတို့က ဆိုသည်။ အကြောင်းမှာ ပန်းဂေါ်ဖီစိမ်းနှင့် အခြားအနွယ်တူ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စသည်တို့တွင်
ဆာဖိုရာဖိန်းဒြပ်ပေါင်း ပါဝင်သောကြောင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေသည့် အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်၍ ဖြစ်သည်။ သြစတြေးလျမှာ လူ ၁၀ ဦးမှာ တစ်ဦးနှုန်း ပန်းနာရင်ကျပ်ရောဂါ ခံစားနေရပါတယ်။ အခုတွေ့ရှိချက်က သတင်းကောင်းပါဟု မဲလ်ဘုန်း တက္ကသိုလ်မှ လေ့လာသူကဆိုသည်။
ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင် အေ၊ စီ၊ ဗီတာမင် B6 တို့ ပါဝင်မှု မြင့်မားပြီး သံဓာတ်၊ ကယ်လ်စီယမ်နှင့် အမျှင်ဓာတ်ပါဝင်ကြောင်း သိရသည်။ ဂေါ်ဖီထုပ်နှင့် မျိုးနွယ်တူဖြစ်၍ ကင်ဆာကို ဟန့်တားနိုင်သော အစွမ်းသတ္တိများရှိကြောင်းလည်း ယုံကြည်ထားကြသည်။ ဓာတ်ခွဲခန်း စစ်ဆေးမှုအရ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် အစရှိသည့် မျိုးနွယ်တူအစာများကို စားခြင်းသည် အဆုတ်ထိခိုက်မှုကို လျော့ကျစေပြီး ထိခိုက်နေသော အဆုတ်ကိုပင် ပြန်လည်ကောင်းမွန်လာစေကြောင်း သိရသည်။ ဒီလေ့လာမှုက လတ်တလောဆေးကုသမှု နည်းလမ်းတွေကို ယဉ်ပါးနေတဲ့ ပန်းနာရင်ကျပ် လူနာတွေအတွက် အလွန်အသုံးဝင်ပါတယ်ဟု လေ့လာသူတို့က ဆိုသည်။ လေ့လာမှုမှာ လက်တွေ့စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးကြောင်းနှင့် ပန်းနာရင်ကျပ်ရောဂါထခြင်း (သို့) အသက်ရှူရ ခက်ခဲခြင်းတို့တွင်မူ ပုံမှန်ဆေးပညာ အကြံဉာဏ်များလည်း ရယူသင့်ကြောင်း သုံးသပ်ထားကြသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, August 2014, Pg.163
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
