Print

သွေးဖိအားမြင့်တက်ခြင်း (သွေးတိုးခြင်း) ၏ နောက်ဆက်တွဲပြဿနာများ

  27-Feb-2017
Preview Image

သွေးဖိအားမြင့်တက်ခြင်း (သွေးတိုးခြင်း) ၏ နောက်ဆက်တွဲပြဿနာများ
အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါကြောင့် သေဆုံးသူပေါင်းဟာ နေ့စဉ် ၁၀၀၀ နီးပါးခန့် ရှိတယ်လို့ သိရပါတယ်။ သွေးဖိအား မြင့်တက်တာကြောင့်
အောက်ပါအသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ များပါတယ်။

 

နှလုံးအလုပ်မလုပ်နိုင်ခြင်း
နှလုံးအလုပ်မလုပ်နိုင်တဲ့သူတွေ ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်က
သွေးတိုးရောဂါရှိပါတယ်။

 

မှတ်ဉာဏ်ဆုံးရှုံးခြင်း
သွေးတိုးရောဂါရှိသူတွေမှာ မှတ်ဉာဏ်မကောင်းတာ ဒါမှမဟုတ် စဉ်းစားတွေးခေါ်ဉာဏ် နည်းပါးတာတွေ ဖြစ်တတ်ပါတယ်။

 

မျက်စိပြဿနာ
သွေးတိုးတာကြောင့် မျက်စိတွင်းမှ သွေးကြောတွေ ထူထပ်ကာ ကျဉ်းမြောင်းသွားတာကြောင့် အမြင်ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

 

သွေးကြောထုံးခြင်း (Aneuyrism)
သွေးတိုးတာ များလွန်းတာကြောင့် သွေးကြောနံရံတွေ အားနည်းသွားကာ ပူဖောင်းသဏ္ဍာန် ဖြစ်ပေါ်လာပါတယ်။ ပေါက်သွားရင် အသက်အန္တရာယ်ရှိပါတယ်။

 

နှလုံးတိုက်ခိုက်ခံရခြင်း
သွေးတိုးရောဂါရှိသူ ၁၀ ယောက်မှာ ခုနစ်ယောက်က နှလုံးတိုက်ခိုက် ခံရတတ်ပါတယ်။

 

Metabolic လက္ခဏာစု
သွေးတွင်း ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ၊ ဝမ်းဗိုက်ပူတာ၊
သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ သွေးဖိအားမြင့်တက်တာ ဒါမှမဟုတ်
သွေးတွင်းကောင်းတဲ့ ကိုလက်စထရောအဆင့် နည်းတာစတဲ့ လက္ခဏာတွေထဲက သုံးမျိုးရှိနေရင် Metabolic လက္ခဏာစုလို့ ခေါ်ပါတယ်။ သွေးဖိအားမြင့်တက်သူတွေက ဒီလက္ခဏာစု ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

 

လေဖြတ်ခြင်း
လေဖြတ်သူ ၁၀ ယောက်မှာ ရှစ်ယောက်ခန့်က သွေးဖိအားမြင့်တက်မှု လွန်ကဲကြပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.285, April 2016, Pg. 74

 



Related Articles


Advertisment 18