သွေးတိုးရောဂါဖြစ်စဉ် သွေးနီဓာတ်အားနည်းခြင်း
27-Feb-2017
သွေးတိုးရောဂါဖြစ်စဉ် သွေးနီဓာတ်အားနည်းခြင်း
သွေးအားနည်းတဲ့ လူနာတစ်ယောက်ဟာ မောပန်းလွယ်လှတတ်ပါတယ်။ ရင်တုန်လာတတ်ပါတယ်။ ဖြူဖပ်ဖြူရော် ဖြစ်လာတတ်ပါတယ်။ မျက်ခွံအတွင်းသား၊
နှုတ်ခမ်း၊ လျှာ၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ လက်သည်းခြေသည်းတွေမှာ အဲဒီလို ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ပိုပြီးတော့ မြင်သာတတ်ပါတယ်။
ဖောရောင်လာတတ်ပါတယ်။ ဒါပေမယ့် အဲဒီလက္ခဏာတွေ မရှိဘဲနှင့်လည်း
သွေးနီအားနည်းတတ်ပါသေးတယ်။ တကယ်သွေးနီးဥအားနည်းနေတာ ဟုတ်မဟုတ် အတည်ပြုဖို့အတွက် သွေးထဲက ဟေမိုဂလိုဘင် HAEMOGLOBIN ဓာတ်ကို စစ်ဆေးကြည့်လို့ ရပါတယ်။
သွေးနီဓာတ် အားနည်းနေတာဟာ သွေးတိုးရောဂါနဲ့ ပတ်သက်တတ်ပါတယ်။ ခရေနစ်ရီနယ်ဖေလယာ CHRONIC RENAL FAILURE လို့ခေါ်တဲ့ နာတာရှည်ကျောက်ကပ် ပျက်စီးပြီး အလုပ်မလုပ်တဲ့ ရောဂါမှာ သွေးပေါင်တက်လာ
တတ်သလို သွေးနီအားလည်း နည်းလာတတ် ပါသေးတယ်။ နာတာရှည်
ကျောက်ကပ်ပျက်စီးနေပြီဆိုရင်တော့ ကျောက်ကပ်ကနေ အဲဒီ ဟော်မုန်းတွေကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါဘူး။ ကျောက်ကပ်လုပ်ငန်းတွေ ပျက်စီးခါမှလည်း သွေးနီအားက ချက်ချင်းမနည်းသွားသေးပါဘူး။
ဂျီအက်ဖ်ယာ (GFR) လို့ခေါ်တဲ့ ကျောက်ကပ်အရည် စစ်ပေးနိုင်စွမ်း တစ်မိနစ်မှာ ၉၀ မီလီမီတာနှုန်း အောက်ကိုရောက်တော့မှ သွေးနီဓာတ်အားနည်းတာ စပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ဆေးပေးနိုင်စွမ်းဟာ တစ်မိနစ်မှာ ၆၀ မီလီမီတာ အောက် ကိုရောက်နေပြီဆိုရင်တော့ အဲဒီလို သွေးနီဓာတ်အားနည်းတာဟာ ပိုပြီးတော့ သိသာနေပြီလို့ ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်မိုး
(အထွေထွေရောဂါအထူးကုသမားတော်ကြီး)
Health for all magazine, March 2016, No.110, Pg. 110-111
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
