ကင်ဆာရောဂါသက်သာအောင်ကုသခြင်း
27-Feb-2017
ကင်ဆာရောဂါသက်သာအောင်ကုသခြင်း
ကင်ဆာရောဂါဆိုတာ ဖြစ်တာနဲ့ ကုသလို့မရတာ မဟုတ်ပါဘူး။ ကင်ဆာဖြစ် တဲ့နေရာ၊ စသိတဲ့အချိန်ပေါ် မူတည်ပါတယ်။ တချို့တွေက ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဗဟုသုတတွေရှိတာကြောင့် ကိုယ့်မှာ ထူးထူးခြားခြား ပြောင်းလဲမှုတစ်ခုခုတွေ့တာနှင့် ဆရာဝန်ကို လာပြတတ်ပါတယ်။
ကျန်းမာရေးဗဟုသုတ ရှိတာကြောင့် ရောဂါဖြစ်လာပြီဆိုရင် အစောဆုံးအဆင့်မှာ သိရှိတာကြောင့် ကုသပျောက်ကင်းနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ကုသလို့ရတဲ့ကင်ဆာ အမျိုးအစားတွေကို သက်တမ်းစေ့နေနိုင်အောင် ကုသလို့ရနိုင်ပါပြီ။ ဓာတ်ရောင်ခြည် ကုတဲ့စက်တွေလည်း အသစ်ပေါ်ပေါက်လာပါတယ်။
အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာတွေရဲ့ အစောဆုံးပြောင်းလဲမှုကို သိရှိပြီး ဆရာဝန်ကို ပြသမယ်ဆိုရင် ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးပြီးကုသတာ၊ ဟော်မုန်း အစားထိုးကုသတာ စတဲ့ သင့်တော်မယ့် နည်းလမ်းတွေနဲ့ ဆရာဝန်က အကြံပေး ကုသပါတယ်။ လူနာကို အားပေးပြီး သေချာကုသမယ်ဆိုရင် လူနာလည်းစိတ်ချမ်းသာပြီး ကုသမှုအောင်မြင်နိုင်ပါတယ်။
အချိန်လွန်မှ သိရတဲ့ကင်ဆာနဲ့ ကုသရခက်တဲ့ကင်ဆာ
ဥပမာ - ဦးနှောက် မှာဖြစ်တဲ့ ကင်ဆာ၊ သွေးကင်ဆာနဲ့ ရှားရှားပါးပါးဖြစ်တဲ့ ကင်ဆာတွေ ဆိုရင်တော့ ကုသရခက်ခဲတတ်ပါတယ်။ အနာသိရင် ဆေးရှိတယ်ဆိုတဲ့ အတိုင်း ကုသမှုခံယူနိုင် တာတွေကို ဆရာဝန်က ပြောပြပေးပါလိမ့်မယ်။ ကုသလို့ ရမယ်ဆိုရင်လည်း တစ်နည်း နည်းနဲ့ ကုသပေးပါတယ်။ ရောဂါကို သိရတာနောက်ကျပြီး အချိန်သိပ်လွန်နေပေမယ့်လည်း ဆရာဝန်နဲ့ တိုင်ပင်တာက အကျိုးရှိပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာစိန်လင်း
(ခွဲစိတ်နှင့်ကင်ဆာပါရရ္ဂူ)
Arogyam magazine, No.283, February 2016, Pg. 26
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
