Smoking and Lung Cancer
25-Feb-2017
" ဆေးလိပ် သောက်ခြင်း သည် ကျန်းမာရေး ကို ထိခိုက် နိုင်ပါသည် "
ဆိုတဲ့ ဆိုင်းဘုတ် စာတမ်းကလေးကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြမှာပါ။ ကမ္ဘာနဲ့ အဝှမ်း ဘာသာ စကား ပေါင်းစုံနဲ့ ရေးသားပြီး ရေဒီယို၊ ရုပ်မြင် သံကြား၊ သတင်းစာ၊ တွေက အစ၊ လူမြင်ကွင်း စျေး၊ ဘူတာတွေ အလယ်၊ ဆေးလိပ် ဘူးခွံ အဆုံး ရေးသား ဖော်ပြပြီး သတိပေး နေပါတယ်။ ဒါပေမယ့် လူတွေ ဆေးလိပ် သောက်တာ လျော့သွား လား ဆိုတော့ မလျော့ ပါဘူး။ တစ်ချို့က ဆင်ခြေ ပေးတတ် ပါ သေးတယ်။ ဒီ ဆေးလိပ်က အငွေ့ စစ်တဲ့ အထူး အစီခံ filter ပါတယ် ဆိုပဲ။
အငွေ့ စစ်တဲ့ အထူး အစီခံ Filter ပါတယ် ဆိုတာ ရောင်း ကောင်းအောင်
ကြော်ငြာတဲ့ လုပ်ကွက်တစ်ခုပါ။ ဆေးလိပ်aသာက်ခြင်း မဖြတ်နိုင်တဲ့ သူတွေကိုလည်း အပြစ်မဆိုသာပါဘူး။ မကောင်းမှန်းသိလျှက်နဲ့ ဆက်လုပ်နေမှတော့ မဖြတ်နိုင်လို့ပေါ့။
ဆေးလိပ်မှာ ဓာတုဗေဒ ပစ္စည်း ပေါင်း ၄၀၀၀ ကျော်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေ ဟာ ဆေးလိပ် သောက်သူ သာမက လေထဲကို ပြန့်နေတဲ့ ဆေးလိပ်aငွ့ တွေက တဆင့် ဘေး ပတ်ဝန်းကျင် က လူတွေကိုပါ ထိခိုက် တတ်ပါတယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ တစ်ခု ပြောပါရစေ။ အနောက် နိုင်ငံ တော်တော် များများ မှာ ယောင်္ကျား၊ မိန်းမ မရွေး ဆေးလိပ် တော်တော် သောက်ကြ ပါတယ်။ ဒါပေမယ့် စည်းကမ်း ရှိပါတယ်။ အနား မှာ လူရှိနေရင် ခွင့်တောင်း ကြပါတယ်။ အိမ်ခန်းထဲမှာ မသောက်ကြ ပါဘူး။ လှေကားလို နေရာမျိုးမှာ ထွက်သောက်ပြီး မီးငြိမ်းမှ အခန်းထဲ ပြန်လာ ကြပါတယ်။ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တွေမှာ လုံးဝ ဆေးလိပ် မသောက်ကြ ပါဘူး။ အတိအကျ လိုက်နာ ကြပါတယ်။ မြန်မာတွေ ကတော့ ဒီအချက်တွေ အားနည်း တယ် လို့ ရိုးသားစွာ မြင်မိပါတယ်။
ဆေးလိပ်ငွေ့တွေ ကို ရှူရှိုက်မိတဲ့သူဟာ ဆေးလိပ်သောက်သူနဲ့မခြား ရောဂါ
ဝေဒနာတွေ ရတတ်ပါတယ်။ သင့် ကလေးတွေကို ဆေးလိပ်ငွေ့ တွေထဲမှာ မွန်း မနေပါ စေနဲ့။ ဆေးလိပ်ကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ သွေးတိုး ရောဂါ၊
လေဖြတ် လေငန်းရောဂါ၊ အဆုတ်ကင်ဆာ ရောဂါအပါအဝင် ရောဂါပေါင်းစုံ ဖြစ်ပွား
စေပါတယ်။ ဆေးလိပ်သောက်တဲ့ မိခင်တွေဆိုရင် ကို်ယ်လက်အင်္ဂါမစုံတဲ့ ရင်သွေးတွေ
တောင် မွေးတတ်ပါသတဲ့။ အဆုတ်ကင်ဆာ ရောဂါကတော့ အဆိုးဝါးဆုံးပါ။ ကုသရန် ခက်ခဲပြီး သေဆုံးနှုန်း မြင့်မားပါတယ်။ ယောကျင်္ားတွေမှာ ဒုတိယအဖြစ် အများဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ တတိယ အဖြစ်အများဆုံး ကင်ဆာ ရောဂါပါ။ များသောအားဖြင့် အသက် ၄၅ နှစ် ကနေ ၇၀ အတွင်းမှာ ဖြစ်ပွား တတ်ပါတယ်။
ဖြစ်ပွားရတဲ့ အကြောင်းအရင်း
--------------------------------
(၁) ဆေးလိပ် သောက်သုံးခြင်း။
(၂) တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း။
(၃) ဓါတ်ရောင်ခြည် သင့်ခြင်း။
(၄) ဓာတု ပစ္စည်းများ နှင့် ကြာရှည်စွာ ထိတွေ့ခြင်း (ကျောက်ဂွမ်း asbestos , arsenic, chromates, nickel, chloromethyl ethers, mustard (poison war) gas, and coke oven emissions.။
ရောဂါ လက္ခဏာများ
----------------------
(၁) ကာလ ကြာရှည်စွာ ချောင်းဆိုးခြင်း။
(၂) ချောင်းဆိုးလျှင် သွေးပါခြင်း။
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း။
(၄) အစားအသောက် ပျက်ခြင်း။
(၅) ရင်ဘတ် အောင့်ခြင်း။
(၆) အကျိတ်များ ထွက်ခြင်း။
(၇) မောပန်း နွမ်းနယ်ခြင်း။
ကင်ဆာ ဖြစ်ပွားတဲ့ နေရာနဲ့ ရောဂါ အနု အရင့် ပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ အဆုတ်ကင်ဆာကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါ
တယ်။
(၁) Squamous cell carcinoma
(၂) Adenocarcinoa
(၃) Small Cell Carcinoma
(၄) Large Cell carcinoma
ကင်ဆာအမျိုးအစား ပေါ်မူတည်ပြီး ကုသပုံ ကုသနည်း ကွာခြားပါတယ်။
Small cell carcinoma ကိုတော့ အဓိက အားဖြင့် chemotherapy ခေါ် ကင်ဆာ
ဆေးဝါးများ ပေးပြီး ကုသပါတယ်။ ဒီ အမျိုးအစားက ရောဂါရှာဖွေ တွေ့ရှိချိန်မှာ ခန္ဓာကိုယ် အနှံ့ကို ပြန့်နံ့ နေပြီး ဖြစ်တတ်လို့ ခွဲစိတ်ကုသဖို့ ခက်ခဲပါတယ်။ Non small Cell carcinoma လို့ ခေါ်တဲ့ အခြားအုပ်စုကိုတော့ ခွဲစိတ်ကုသ နိုင်ပါတယ်။
ဓါတ်ရောင်ခြည်ဖြင့် ကုသနည်းကိုလည်း တွဲဖက် အသုံးပြု နိုင်ပါတယ်။
အသက် ရှင်နိုင်တဲ့ အခွင့်အလမ်း
-----------------------------------
အဆုတ်ကင်ဆာ ရောဂါ ဖြစ်ပွားနေကြောင်း စောစောစီးစီး ရှာဖွေ တွေ့ရှိလျှင်
တော့ အသက်ရှင် နိုင်တဲ့ အခွင့်အလမ်း ၅၀% ကျော် ရှိပါတယ်။ ၅ နှစ်အထိ အသက်ရှင် နိုင်တဲ့ အခွင့်အလမ်း ကတော့ ၁၀-၁၅% ပဲ ရှိပါတယ်။ကဲ သင်နဲ့သင့် မိသားစု ထိတွေ့ နေရတဲ့ ဆေးလိပ်ငွေ့ တွေရဲ့ အန္တရာယ်ကို သတိပြု နိုင်ပါစေ။
Ref:Zinthu
Labels: Cancer, Lungs, Smoking
Public Health In Myanmar:Smoking and Lung Cancer
Thursday, September 4, 2008
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
