| ဆေးအမည် | Paragen Tablet (ပါရာဂျန်) |
| ပါဝင်ပစ္စည်း | ဆေးပြားတစ်ပြားတွင် Paracetamol … 500 mg. |
| ဆေးအမျိုးအစား | အကိုက်အခဲပျောက်၊ ရောင်ရမ်း၊ ဖျားနာကျဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | နာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ရောင်ရမ်းကိုက်ခဲနာများတွင် အသုံးပြုနိုင်သည်။ |
| ဆေး၏ပုံသဏ္ဍာန် | အဖြူနှင့် လိမ္မော်စပ်ကြား ဆေးပြား။ |
| ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁)ပြား၊ တစ်နေ့ ၂-၃ ကြိမ် (သို့မဟုတ်) ဆရာဝန်ညွှန်ကြား ချက်နှင့်အတူ လိုက်နာသောက်သုံးပါ။ |
| ဘေးထွက်ဆိုးကျိုးများ | ဗိုက်နာ၊ ဗိုက်အောင့်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ထိခိုက်နာကျင်ခြင်း၊ ရေရှည်သောက်သုံးလျှင် အသည်းနှင့်ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။ |
| ဆရာ၀န်ညွှန်ကြားချက် | မလို။ |
| ကြိုတင်သတိပြုရန်အချက်များ | အစာအိမ်နှင့် အူလမ်းကြောင်း အနာရှိသူများ၊ အသည်းနှင့် ကျောက်ကပ် ထိခိုက် ပျက်စီးနေသူများ မသောက်သုံးသင့်ပါ။ |
| ထုတ်လုပ်သည့် Company | Osoth Inter Laboratories Co., Ltd. (ထိုင်း) |
| တင်သွင်းသည့် Company | MC Pharmaceuticals Co., Ltd. |