| ဆေးအမည် | Aristocort A Cream 0.1% (အရစ်စ်တိုကော့တ်အေခရင်မ် ဝ .၁%) |
| ပါဝင်ပစ္စည်း | ဆေး (၁) တောင့်တွင် Triamcinolone Acetonide (INN). |
| ဆေးအမျိုးအစား | အရေပြားရောဂါကုဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | ဓာတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၊ နှင်းခူအရေပြားနာ၊ နှင်းခူနွှယ်ဝင် ဆိုရီးရေးစစ်ရောဂါ၊ အဆီထွက်များ၍ဖြစ်သော အရေပြားရောင်ရမ်းနာ။ |
| ဆေး၏ပုံသဏ္ဍာန် | လိမ်းဆေးခရင်မ်။ |
| ဆေးအချိန်အဆ | ဒဏ်ရာဖြစ်သောနေရာတွင် ဆေးအနည်းငယ်ကိုယူ၍ပါးပါးလေးပွတ်လိမ်းပေးပါ။ တစ်နေ့ ၃-၄ ကြိမ်။ |
| ဘေးထွက်ဆိုးကျိုးများ | ပူစပ်ပူလောင်ဖြစ်ခြင်း၊ အကြောပြတ်ခြင်း၊ အသားအရောင် ဖျော့သွားခြင်း။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသုံးစွဲသင့်ပါ။ |
| ထုတ်လုပ်သည့် Company | Pfizer Co., Ltd. |
| တင်သွင်းသည့် Company | Mega Lifesciencies Ltd. |