Print

အကြမ်းဖက်ခံရသူသည် နေအိမ်တွင် မည်သို့ ပိုမိုဘေးကင်းလုံခြုံစွာ နေနိုင်မည...

  09-Jun-2025
Preview Image

အကြမ်းဖက်ခံရသူသည် နေအိမ်တွင် မည်သို့ ပိုမိုဘေးကင်းလုံခြုံစွာ နေနိုင်မည်လဲ


အကြမ်းဖက်မှုပိုမိုဖြစ်လာနိုင်သည့်  အခြေအနေမျိုးတွင်  လက်တွဲဖော်နှင့်  စကားပြောဆိုမှုများကို  မရှောင်လွှဲနိုင်ပါက အလွယ်တကူအပြင်ထွက်လာနိုင်သည့် အခန်း (သို့မဟုတ်) နေရာတွင်သာ ဆွေးနွေးပြောဆိုရန် အကြံပေးပါ။


လက်နက်များရှိသော  အခန်း/နေရာနှင့်  ဝေးကွာစွာနေရန်  အကြံပေးပါ။  ခွဲခွာခြင်းသည်သာ  အကောင်းဆုံး ရွေးချယ်စရာဖြစ်ပါက  အကြမ်းဖက်သူ  (သို့မဟုတ်)  လက်တွဲဖော်မသိရှိမီ  အစီအစဉ်များ  ပြုလုပ်၍  ဘေးကင်းလုံခြုံ သော နေရာသို့ ထွက်ခွာရန် အကြံပေးပါ။ ထိုသို့မဟုတ်ပါက သားသမီးများကိုပါ အကြမ်းဖက်မှုအန္တရာယ်ပို၍ကျရောက်စေနိုင်သည်။


အကြမ်းဖက်ခံရသူအား အန္တရာယ်ဖြစ်အောင် မပြုလုပ်မိပါစေနှင့်


အနိုင်ကျင့်အကြမ်းဖက်မှုအကြောင်းကို  သင်နှင့်အကြမ်းဖက်ခံရသူနှစ်ဦးထဲ  ရှိနေစဉ်၌သာ  ပြောဆိုပါ။  အသက် (၂)  နှစ်အထက်  မည်သူမဆို  သင်တို့ပြောဆိုနေသည်ကို  မကြားစေသင့်ပါ။  ခင်ပွန်း  (လက်တွဲဖော်)  (သို့မဟုတ်) အခြားမိသားစုဝင်များ၊  အဖော်လိုက်ပါလာသူ  (မိတ်ဆွေ)  စသူတို့က  ကြားနိုင်သော  အခြေအနေတွင်  မဆွေး နွေးပါနှင့်။  အကြမ်းဖက်ခံရသူနှင့်  တစ်ဦးချင်း  စကားပြောနိုင်ရန်  အကြောင်းပြချက်တစ်ခုခုလိုနိုင်သည်။  (ဥပမာ- အဖော်အား  ပုံစံတစ်ခုခု  ဖြည့်စွက်ပေးရန်၊  တစ်ခုခုလုပ်ဆောင်ပေးရန်  စေလွှတ်ခြင်းစသည်)  အကြမ်းဖက်ခံရသူ၏ ကလေးများပါလာပါက  လုပ်ဖော်ကိုင်ဖက်တစ်ဦးအား  သင်တို့စကားပြောနေစဉ်  ကလေးများကို  ကြည့်ထားပေးရန် ပြောပါ။


အကြမ်းဖက်ခံရသူ၏  ကျန်းမာရေးမှတ်တမ်းများအား  လျှို့ဝှက်စွာ  ထိန်းသိမ်းပေးထားရန်  သတိပြုပါ။  ထို စာရွက်စာတမ်းများကို လုံခြုံသော နေရာတွင် ထားပါ။ စားပွဲပေါ်တွင် (သို့မဟုတ်) တစ်ဦးဦးမြင်နိုင်သော နေရာတွင် မထားပါနှင့်။  သင်နှင့်အကြမ်းဖက်မှုအကြောင်း  ပြောဆိုနေခဲ့သည့်အချိန်အတွက်  အကြမ်းဖက်ခံရသူသည်  မည်သည့် နေရာတွင် ရှိနေခဲ့သည်ကို အကြမ်းဖက်သူအား အကြောင်းပြ ပြောဆိုနိုင်မည့် နည်းလမ်းနှင့် စာရွက်စာတမ်းများကို တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်ပါက (ဥပမာ - ရဲစခန်းသို့ ပြရန်) မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးပေးပါ။


Dr. Hazel



Ref: MOH



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18