ယောဂကျင့်စဉ်၏ ကောင်းကျိုးများ
09-Feb-2018
ယောဂကျင့်စဉ်ဟာ ကောင်းကျိုးအဖြာဖြာရှိပြီး ခေတ်သစ်မှာ အလှအပအတွက် ကျင့်သုံးလာရတဲ့ လေ့ကျင့်ခန်း ကျင့်စဉ်ဖြစ်ပါတယ်။ ဦးနှောက်၊ ခန္ဓာကို်ယ်နဲ့ စိတ်ကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာအတွက်အကျိုးကျေးဇူးဖြစ်စေတဲ့ ကြီးမြတ်သော ကိုယ်လက်လှုပ်ရှားမှုလို့ခေါ်ဆိုနိုင်ပါတယ်။ လူအများကတော့ ယောဂကျင့်စဉ်ဟာ ဘဝကိုပြောင်းလဲပေးနိုင်တဲ့ အတွေ့အကြုံကို ပေးပြီး ခန္ဓာကို်ယ်ကျန်းမာရေးနဲ့ အလှအပကို ထိ်န်းသိမ်းနိုင်မယ့်နည်းစနစ်လို့ လက်ခံထားကြပါတယ်။ ယောဂကျင့်စဉ်ရဲ့ ကောင်းကျိုးတွေကို ပြောမယ်ဆိုရင် ပြောလို့မကုန်နိုင်အောင်ပါပဲ။ ဒီအထဲကမှ အလှအပနဲ့ ခန္ဓာကို်ယ်ကျန်းမာ ကြံ့ခိုင်မှု၊ ယုံကြည်မှုရှိခြင်း၊ ကို်ယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွစေခြင်းတို့ကို ဖြစ်စေတဲ့ ကောင်းကျိုး ၁၀ ချက်တို့ကို ဖော်ပြပေးလိုက်ပါတယ်။
1 Improve Self Confidence
ယောဂကျင့်စဉ်ကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုပိုလာနိုင်သလို စွမ်းဆောင်ရည်ကိုလည်း တိုုးပွားစေပါတယ်။ ကိုယ့်ိကိုုယ်ကိုယုံကြည်မှုရှိတဲ့သူတွေကို လူအများချစ်ခင်တတ်ကြပါတယ်။ ခန္ဓာကို်ုယ်ပိုုင်းကို ကြည့်ရင်လည်း ယောဂကျင့်စဉ်က နောက်ကျောနဲ့ ပုခုံးတွေကို ကြံ့ခိုင်စေပြီး ခန္ဓာကို်ယ်ရဲ့ ဟန်ချက် ကိုထိန်းပေးပါတယ်။ ခေါင်းကို မြင့်မြင့်ထားပြီး လမ်းလျှောက်တဲ့အခါမှာ မားမားမတ်မတ်ရှိစေကာ ၀င့်ကြွားစေပါတယ်။
2 Detoxifies Your Body
ယောဂလေ့ကျင့်ခန်းများဟာ ခန္ဓာကို်ယ်မှ အဆိပ်တွေကို ထုတ်ပေးပါတယ်။ သွေးလှည့်ပတ်မှု အားကောင်းပြီး ခန္ဓာကို်ယ်ထဲမှ အဆိပ်တွေထွက်စေပါတယ်။ ကျန်းမာပြီးနေကောင်းထိုင်သာရှိတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ အဓိကစွမ်းဆောင်မှုတစ်ခုကတော့ အရေပြားကို တောက်ပတဲ့အသက်ဝင်မှု ပေးစွမ်းနို်င်ကြောင်း အားလုံးကလက်ခံထားကြပါတယ်။
3 Alleviates Stress
ယောဂကျင့်စဉ်ဟာ စိတ်ဆင်းရဲခြင်းကို ပြေပျောက်စေပါတယ်။ စိ်တ်ရှုပ်ထွေးခြင်း၊ စိတ်ညစ်ညူးခြင်း တွေကို လျော့နည်းစေပါတယ်။ တကယ်တော့ စိတ်ညစ်ညူးခြင်းတွေကဟာ ကို်ယ့်ရဲ့ရုပ်သွင်ကို ပြောင်းလဲစေပါတယ်။ အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ပင်ပန်းပြီး စိတ်ညစ်ညူးနေတာကို မျက်နှာက ဖော်ပြပါတယ်။ တစ်ကိုယ်လုံးရဲ့ အသွင်အပြင်ကို ပြောင်းလဲစေပြီး ကိုယ်အလေးချိန်ကို တိုးလာစေနိုင်ပါတယ်။
4 Makes Your More Aware
ယောဂလေ့ကျင့်ခန်းလုပ်သူတွေဟာ ဘဝနဲ့ပိုပြီး ဆက်သွယ်မှုနီးစပ်လာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ အားလုံးကိုလည်း ပိုပြီးသိမြင်လာပါတယ်။ ဘဝဆိုတာ ကို်ယ်ထင်ထားတာထပ် အများကြီး ပိုသေးတယ်ဆိုတာ သိလာပြီး ဘဝကိုပိုတန်ဖိုးထားတတ်လာတဲ့ အာရုံကြောင့် မိမိလုပ်ဆောင်သမျှဟာ ပိုပြီးရွှန်းလက်တောက်ပ အောင်မြင်လာတာကို တွေ့ရပါမယ်။
5 Brings a Glow & Beauty to Your Skin
အချို့သော ယောဂလေ့ကျင့်ခန်းများရဲ့ ကိုယ်နေဟန်ထားများဟာ လူတစ်ယောက်ရဲ့ သဘာဝကပေးတဲ့ အလှတရားကို ထွက်ပေါ်လာစေပါတယ်။ ယောဂကျင့်စဉ်က သွေးလည်ပတ်မှုကို တွန်းအားပေးပြီး ကို်ယ်ခန္ဓာရဲ့ ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်အောင်ပို့ဆောင်ပေးပါတယ်။ အဲဒီအတွက်ကြောင့် အရေပြားဟာ တောက်ပလာတာကြောင့် ကျန်းမာသန်စွမ်းတဲ့ အသားအရေအလှအပကို ပိုင်ဆိုင်နိုင်ပါတယ်။
6 Increase Heart Rate & Helps Lose Body Fat
ယောဂကျင့်စဉ်ဟာ ကို်ယ်အလေးချိန်ချဖို့ကိုလည်း အကျိုးပြုပါတယ်။ အကောင်းဆုံးကိုယ်လက်လှုပ်ရှားမှုထဲမှာပါ၀င်ပါတယ်။ ယောဂကျင့်စဉ် တစ်ခုဝင်ရခြင်းဟာ အပြေးတစ်ခါလေ့ကျင့်ရသလိုပါပဲ။ ခန္ဓာကိုယ်သွယ်လျလာပြီး ခန္ဓာကို်ယ်က အဆီတွေလည်း ကျသွားပါလိမ့်မယ်။
7 Improves Your Immune System
ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေတာဟာ ယောဂကျင့်စဉ်ရဲ့ကောင်းကျိုးတစ်ခု ဖြစ်ပါတယ်။
8 Improve Your Flexibility
ပျော့ပျောင်းနူးညံံ့တဲ့ ပုံစံမျိုးနဲ့ လှပချင်တယ်ဆိုရင် ယောဂကျင့်စဉ်လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆန့်ထုတ်ပေးထာမို့ တစ်ကိုယ်လုံးပိုပြီး ပျော့ပျောင်းလာပါလိမ့်မယ်။ ထိခိုက်ရှနာ ရတဲ့အခွင့်အလန်းလည်းနည်းသွားမယ်။ ပျော့ပျောင်းတဲ့ခန္ဓာကိုယ်ဟာ ပျက်စီးဖို့ ခက်ပါတယ်။
9 Can Make You Younger
ငယ်ရွယ်နုပျိုမှုကိုလည်း ယောဂကျင့်စဉ်က ပေးစွမ်းနိုင်ပါတယ်။ ယောဂကျင့်စဉ်ဟာ ခန္ဓာကို်ုယ်ရော စိတ်ကိုပါ သန့်ရှင်းလတ်ဆက်စေပြီး ဘဝကို ကောင်းသောအမြင်နဲ့ ကြည့်တတ်လာပါတယ်။
10 Brings You Contentment
ကိုယ့်ကို်ယ်ကို စိတ်ချကျေနပ်မှု၊ ရောင့်ရဲမှုရှိတဲ့အခါ သင့်ပတ်ဝန်းကျင်က လူတွေဟာလည်း သင့်အနီးမှာရှိနေတာ ကျေနပ်မှုရှိစေမှာဖြစ်ပါတယ်။ ယောဂကျင့်စဉ်ဟာ ကို်ယ်စိတ်နှလုံးကို ငြိမ်းချမ်းစေပြီး ဘယ်တုန်းကမှ မရရှိဖူးတဲ့ ကျေနပ်နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ပါတယ်။ မိမိရဲ့စိတ်၊ ခန္ဓာနဲ့ ဦးနှောက်ကို ထိန်းချုပ်နိုင်ဖို့ အားပေးပြီး တစ်ကိုယ်လုံးရဲ့ အချိုးညီမှုတွေကို ထိန်းညှိပေးတဲ့အတွက် စိတ်ပူပန်မှုတွေကို စိတ်ရဲ့ငြိမ်းချမ်းမှု၊ ဘဝရဲ့ပျော်ရွှင်မှုတွေကို ရစေပါတယ်။
ကဲ….ဒီလောက်ကောင်းကျိုးအဖြာဖြာရှိတဲ့ ယောဂကျင့်စဉ်ကို စမ်းကြည့်လိုက်ကြပါစို့လို့ လမ်းညွှန်မှုပေးလိုက်ရပါတယ်။
Dr. Oliver
Credit: ၀ိုင်းဝိုင်းသစ်/ ဇီဝက ကျန်းမာရေးမဂ္ဂဇင်း/ အမှတ် ၂၃၇ အောက်တိုဘာလ ၂၀၁၄။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
