အိပ်လျက်လမ်းလျှောက်ခြင်း၏ စိတ်ကြောင်းရင်း
06-May-2017
အိပ်လျက်လမ်းလျှောက်ခြင်းသည် စိတ်ပဋိပက္ခ ဖြစ်နေသည့် အခြေအနေမှ ရှောင်ကွင်းသည့် သဘောဖြစ်၏။ အမှန်တကယ် ရှောင်ကွင်းခြင်း မပြုနိုင်သော်လည်း ရှောင်ကွင်းသည့်သဘောနှင့် အိပ်လျက် လမ်းလျှောက်ခြင်းဖြင့် စိတ်တင်းကျပ်မှုကို လျော့ပါးစေ၏။ စိတ်ဓာတ်အားဖြင့် ရင့်ကျက်မှုမရှိသူ၊ ယုံလွယ်သူ၊ စိတ်လုံခြုံမှု အလွန်အမင်း လိုနေသူတို့တွင် ဖြစ်တတ်၏။ လူကြီးများအနေနဲ့ ဘဝအခက်အခဲများကြောင့်လည်း ထိုဝေဒနာဖြစ်ပေါ်တတ်သည်။ အချို့တွင်မှု နိုးနေစဉ် သိစိတ်က လက်မခံသည့် ဖိနှိပ်ထားသည့် ဆန္ဒကြောင့်လည်း ဖြစ်ပေါ်လာတတ်သည်။ ဥပမာ ဖြစ်ရပ်တစ်ခုတွင် သမီးဖြစ်သူသည် အိပ်လျက်ထသွားပြီး၊ အိပ်နေသော မိခင်အားသွား၍ နမ်းသည်။ ပြီးလျှင် ပြန်အိပ်သွားသည်။ ၎င်းနှင့်မိခင်မှာ အကြီးအကျယ် ရန်ဖြစ်ပြီး တစ်အိမ်တည်းနေသော်လည်း လေးလကြာမှ စကားမပြောဘဲ နေကြသည်။ နိုးနေစဉ် မိခင်အား ချစ်ခင်ယုယသည့်အပြုအမှု ပြလိုသော်လည်း သိစိတ်နှင့်ဖိနှိပ်ထားမှုကြောင့် မပြုလုပ်ခဲ့။ အိပ်ပျော်ရာမှသာ ထ၍ပြုလုပ်နေခြင်းဖြစ်၏။
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမှုများ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

