စိတ်ဓာတ်ကျခြင်းကို ဘယ်လိုတွန်းလှန်ကြမလဲ
29-Apr-2017
(၁) တစ်နေ့တာလုပ်ငန်းစဉ် ချမှတ်ပါ။ စိတ်ဓာတ်ကျသူတစ်ယောက်သည် စိတ်လေလွင့်ပြီး နေ့ရက်တွေအလကားကုန်ဆုံးတတ်ပါသည်။ သို့ဖြစ်ပါ၍ တစ်နေ့တာလုပ်ငန်းစဉ် ချမှတ်၍ မိမိစိတ်ကို အလုပ်ပေးပစ်ပါ။
(၂) ရည်မှန်းချက်ပန်းတိုင်ထားပါ။ စိတ်ဓာတ်ကျသူတစ်ယောက်သည် မိမိတွင်စွမ်းဆောင်ရည်လုံးဝမရှိဟု ယူဆကာ စိတ်ခွန်အားယုတ်တတ်သည့်အတွက် ရည်မှန်းချက်ပန်းတိုင်ထားကာ ဘဝကိုအဓိပ္ပာယ်ပြန်ဖြည့်စွက်သင့်ပါသည်။
(၃) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။
(၄) အစားအစာ ကောင်းကောင်းမွန်မွန်စားပါ။ စိတ်ဓာတ်ကျသူများသည် အစာနင်းကန်စား၍ စိတ်ဖြေတတ်ကြသလို ဘာမှမစားနိုင်မသောက်လည်းဖြစ်တတ်ကြသည်။ သို့ဖြစ်ပါ၍ အစားအသောက် ကောင်းကောင်းမွန်မွန်စားသင့်ပြီး အထူးသဖြင့် omega-3-fatty acid ဓာတ်ပါသည့် တူနာငါး ဆယ်မွန်ငါးတို့သော်လည်းကောင်း၊ folic acid ပါသော ဟင်းနုနွယ်ရွက်နှင့် ထောပတ်သီးစသည်တို့ကို စားသုံးပေးသင့်ပါသည်။
(၅) ကောင်းမွန်စွာအိပ်စက်ပြီး စိတ်ရောကိုယ်ပါ အနားပေးပါ။
(၆) တာဝန်ယူစိတ်မွေးပြီး အိမ်မှာရော အလုပ်မှာပါမှာ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပါ။
(၇) မကောင်းသည့်အတွေးများကို တိုက်ထုတ်ပစ်ပါ။ ကိုယ့်ကိုယ်ကို အရမ်းစိတ်ပျက် စိတ်ကုန်နေသောအခါဝယ် စိတ်ကိုပြန်စုစည်းပြီး ကိုယ်ထင်တာတွေက သဘာဝရောကျရဲ့လား အကျိုးအကြောင်းနဲ့ တွေးတောဆင်ခြင်ကြည့်ပါ။ အလေ့အကျင့်ရသွားရင် စိတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။
(၈) ဆရာဝန်နဲ့ ငြိနှိုင်းပြီး အားဆေးများသောက်သုံးနိုင်ပါသည်။
(၉) အသစ်အဆန်းလေးများပြုလုပ်ပါ။ ၀ါသနာသစ်လေးများစူးစမ်းရှာဖွေပါ။ ဦးနှောက်ကိုအလုပ်အသစ်တစ်ခုခိုင်းသောအခါ ထွက်သော dopamineဟော်မုန်းဓာတ်သည် ပျော်ရွှင်မှုကိုဖြစ်စေသောပါသည်။
(၁၀) ပျော်ရွှင်စွာနေပါ။ ကိုယ့်ကိုပျော်စေမယ့် အသိုင်းအဝိုင်း အဖွဲ့အစည်းများနှင့် သိုက်သိုက်ဝန်းဝန်းနေပါ။
Edited by Dr. Su Nge
Cr: Web MD page
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
