စိုးရိမ်ထိတ်လန့်ခြင်း ( Panic disorder )
28-Feb-2017
စိုးရိမ်ထိတ်လန့်ခြင်း ( Panic disorder )
ဤရောဂါသည် စိတ်ပူပန်မှု အလွန်ပြင်းထန်ခြင်းကြောင့် ဖြစ်လာရခြင်းဖြစ်ပါသည်။ နှလုံးအားနည်းရောဂါရှင်များတွင် ၉ ရာခိုင်နှုန်းခန့်ရှိပြီး နှလုံးကြောင့်၊ ရင်ဘတ်အောင့်ခြင်း
ကြောင့် ပြင်ပလူနာဌာနသို့ လာပြသူများတွင် ၃၈ ရာခိုင်နှုန်း တွေ့ရှိရပါသည်။ အမျိုးသမီးများတွင် ပညာအရည်အချင်း နိမ့်ပါးသူများတွင် ပို၍ တွေ့ရှိရပါသည်။ ၎င်းရောဂါကို စာပေး
ပွဲကြီး၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးချိန်များတွင် အမျိုးသမီးငယ်များမှာ တော်တော်များများ တွေ့ရှိရပါသည်။ ဒီအမျိုးသမီးငယ်များသည် ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်းတို့ဖြင့် ဆေးခန်းကို လာပြကြပါသည်။ ဒီလိုလူနာများတွင် အိပ်မပျော်ခြင်း၊
ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ချွေးထွက်များခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများ ဖြစ်လေ့ရှိပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခဦးတင်လတ် ( နှလုံးအထူးကုဆရာဝန်ကြီး )
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများ စာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

