စမတ်ဖုန်းဖြင့် ဂိမ်းကစားခြင်းက စိတ်ကစဉ့်ကလျားရောဂါရှိသူများ၏ မှတ်ဉာဏ်က...
27-Feb-2017
စမတ်ဖုန်းဖြင့် ဂိမ်းကစားခြင်းက စိတ်ကစဉ့်ကလျားရောဂါရှိသူများ၏ မှတ်ဉာဏ်ကို တိုးတက်စေနိုင်
စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရသည့်အခါ ထင်ယောင်ထင်မှားဖြစ်ခြင်း၊
တွေဝေငေးမော၍ အမှားအမှန် မခွဲခြားနိုင်ခြင်း စသည့်အပြုအမှုပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်တတ်သည်။ ကမ်ဘရာချ်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ ဘာဘရာဦးဆောင်သည့် သုတေသနအဖွဲ့သည် စမတ်ဖုန်းများ၊ i pad ကဲ့သို့သော Tablet များ အသုံးပြုကာ စိတ်ရောဂါခံစားနေရသူများကိုWizard ဟုခေါ်သည့် ဂိမ်းတစ်မျိုး ကစားစေရာ ၎င်းဝေဒနာရှင်များ၏ အစဉ်လိုက်အတိုင်း မဟုတ်ဘဲ ကြားဖြတ်မှန်ဉာဏ်(ခေါ်) Episodic Memory အစိတ်အပိုင်းအချို့ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရသည်။
Wizard ဂိမ်းကစားနည်းသည် ပျော်စရာကောင်းပြီး အာရုံပျံ့လွင့်မှုမရှိအောင် ဆွဲဆောင်နိုင်ခြင်း၊ စိတ်တက်ကြွလာအောင် တွန်းအားပေးခြင်း၊ အလွယ်တကူ ကစားနိုင်ခြင်း စသည့်ကောင်းကျိုးများ ရှိသည့်အတွက် စိတ်ဝေဒနာရှင်များ၏ မှတ်ဉာဏ်တိုးတက်စေခြင်း ဖြစ်သည်ဟု မှတ်ချက်ချလိုက်ပါသည်။ လူနာ ၂၂ ယောက်ကို အုပ်စုခွဲ၍ Cantab နှင့် Gaf စသည့် ဦးနှောက်၏ လုပ်ငန်းဆောင်တာနှင့် အနေအထား တွက်ချက်သည့် စကေးများဖြင့် လေးပတ်ကြာ သုတေသနပြုလုပ်ခဲ့ရာ ဂိမ်းကစားသည့် လူနာအုပ်စုသည် အမှားနည်းပြီး မှတ်ဉာဏ်ပိုမိုကောင်းမွန်ကာ ကျန်အုပ်စုမှ လူနာများမှာ သာမန်အဆင့်သာရှိသည်ဟု သိရသည်။ လေ့လာသူများ၏ အဆိုအရ ထိုကဲ့သို့မှတ်ဉာဏ် အဆင့် မြင့်တက်လာခြင်းသည် ဂိမ်းအမျိုးအစားနှင့် ဆက်စပ်မှု ရှိမရှိ အတိအကျ မသိရသော်လည်း အချိန်ကြာကြာ လေ့ကျင့်ခြင်းနှင့် အခြေခံ စိတ်ဝင်စားမှုအပေါ်၌လည်း များစွာမူတည်သည်ဟု သိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, Septmber 2015, Pg. 162
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
