စိတ်ကယောင်ကတမ်းဖြစ်ခြင်း
27-Feb-2017
စိတ်ကယောင်ကတမ်းဖြစ်ခြင်း
အမ်ဖက်တမင်းဆေးကို အလွန်အကျွံသုံးထားလျှင် စိတ်ကယောင်ကတမ်း ဖြစ် တတ်ပါသည်။ လုံးဝမအိပ်တော့သည့်အတွက် နာရီ နေ့ည အချိန်ကာလများကို ခွဲခြားမသိတော့ပါ။ ဘယ်နေရာရောက်နေသည်၊ ဘယ်သူနှင့် တွေ့နေသည်ကို လည်း ကောင်းစွာမပြောနိုင်တော့ပါ။
တစ်စုံတစ်ရာကို ကြောက်လန့်နေသည့်အသွင်မျိုး ဖြစ်နေတတ်သည်။ အာရုံများ ထွေပြားနေသောကြောင့် အထင်အမြင်များ မှားနေတတ်သည်။ မိမိအား ဆေး ကုသပေးမည့် ဆရာဝန် ဆရာမကိုပင် ရန်သူထင်နေတတ်သည်။ သူ့အန္တရာယ်ကို သူကာကွယ်သည့်အနေဖြင့် ချောင်ကုပ်နေတတ်သည်။ ပုန်းကွယ်နေတတ်သည်။ တစ်ခါတရံ ရန်ပြုတိုက်ခိုက်တတ်သည်။
စိတ်ယောက်ယက်ခတ်နေသဖြင့် ဝူးဝါးဝူးဝါး အော်နေတတ်သည်။ သိသိသာသာ မငြိမ်မသက်ဖြစ်နေတတ်သည်။ အသိနှင့် မှတ်ဉာဏ်တို့ ချို့ယွင်းနေကြသည်။ ကိုယ့်ကိုယ်ကို လုံးဝဂရုမစိုက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။ အရေးပေါ် စိတ်ရောဂါတစ်မျိုးအဖြစ် ကြပ်မတ်ကုသပေးရန် လိုအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

