ပြင်းထန်တဲ့ စိတ်ဖိစီးမှုရဲ့ လက္ခဏာများ
25-Feb-2017
(Signs and symptoms of Acute Stress Disorder –ASD) ASD ဟာ PTSD နဲ့ အတော်တူပါတယ်။ အဓိကကွာခြားချက်က စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ ရပြီးနောက် ဘယ်အချိန်အတိုင်းအတာမှာ လက္ခဏာတွေ ပေါ်လာတာလဲ ဆိုတာပါပဲ။ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ပထမလအတွင်း စိုးရိမ်ရ တဲ့ ပြဿနာ တွေ ပေါ်လာတယ်ဆိုရင် ASD လို့ ရောဂါ သတ်မှတ်ရပါလိမ့်မယ်။
တစ်လကျော်လာတဲ့တိုင်အောင် ရောဂါလက္ခဏာတွေ ဆက်လက်တည်ရှိနေသေး တယ်ဆိုရင် Post – Traumatic Stress Disorder PTSD) သတ်မှတ်ရပါမယ်။ ASD ဖြစ် သူတွေဟာ Post – Traumatic Stress Disorder PTSD) ဖြစ်ဖို့ အလားအလာ အတော်များပါတယ်။
မိမိကိုယ်မိမိ ဘယ်လိုကူညီမလဲ
စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကြောင့် ခံစားနေရတဲ့ စိတ်ခံစားမှုဝေဒနာကနေ ရှန်းထွက်ဖို့ရာ အချိန်ယူရပါလိမ့်မယ်။ နောက်ကြောင်းပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်တယ်လို့ ယုံကြည်ရပါမယ်။ ရှန်းထွက်တဲ့အချိန်ဟာ ရှည်ကြာနိုင်သလို ပင်ပန်းနိုင်ပါတယ်။ အဲဒီဝေဒနာကနေ ရှန်းထွက်နိုင်သူ အတော်များများဟာ ရှန်းထွက် ချင်စိတ်ပြင်းပြသူတွေဖြစ်ပါတယ်။ ချက်ချင်းမဟုတ်ပေမယ့် ရုန်းထွက်မယ့်လမ်းကြောင်း ကို လျှောက်လှမ်းရင်း တစ်နေ့မှာ ပန်းတိုင်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အေးအောင် (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နှုတ်ထားပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
