စိုးရိမ်သောကရောက်မှုကို မကုစားဘဲထားရင် ဘာဖြစ်လာနိုင်သလဲ
25-Feb-2017
စိုးရိမ်သောကရောက်မှုဆိုင်ရာရောဂါကို မကုဘဲထားရင် ပိုဆိုးလာတဲ့အခါ ဘဝတန်ဖိုးတွေ ယုတ်လျော့သွားနိုင်ပါတယ်။ အထက်မှာဖော်ပြထားသလိုပဲ စိတ်ကျရောဂါအဆင့်ကို ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ စိုးရိမ်သောကရောက်မှုဆိုင်ရာရောဂါ စွဲကပ်နေသူတွေဟာ ဆေးကုလိုက်ရင် လုံးဝအကောင်းပကတိ ပြန်ဖြစ်သွားတာတွေတွေ့ရပါတယ်။ စိတ်ကျရောဂါနှင့် တွဲဖြစ်နေရင်တော့ အတော်လေး ကြိုးစားကုသရပါတယ်။ နည်းမျိုးစုံသုံးပြီး ကုသဖို့လိုသလို ဘဝနေပုံထိုင်ပုံတွေကိုပါ အပြောင်အလဲလုပ်ပြီး ကုသရမှာဖြစ်ပါတယ်။
စိုးရိမ်သောကရောက်မှုဆိုင်ရာကို ဘယ်လိုကုသမလဲ။
အပျော့စားနဲ့ ပြင်းထန်တဲ့ စိုးရိမ်သောကရောက်မှုဆိုင်ရာရောဂါအတွက် အခြေခံကုသမှုက စိတ်ပညာဆိုင်ရာကုထုံးဖြစ်ပါတယ်။ ဆေးဝါးတိုက်ကျွေး ကုသမှုကလည်း အသုံးဝင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ စိုးရိမ်သောကဆိုင်ရာရောဂါတွေမှုာ ဆေးဝါးတိုက်ကျွေးကုသဖို့လိုပါတယ်။ တုန်လှုပ်ချောက်ချားမှု ဒါမှမဟုတ် အစွဲဖြစ်နေတဲ့ အတွေးတွေပေါ်ပေါက်နေမှုတွေ ထပ်ခါတလဲလဲဖြစ်နေတယ်ဆိုရင်လည်း ဆေးဝါးတိုက်ကျွေးကုသဖို့ လိုအပ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်အေး (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှကောက်နှုတ်ထားပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
