စိတ်ဖိစီးခြင်းနှင့် ဆံပင်ကျွတ်ခြင်း
25-Feb-2017
စိတ်ဖိစီးမှုဒဏ်ကို ဆံပင်တွေလည်း ခံရရှာပါတယ်။ခေါင်းထဲမှာ ရှုပ်တော့ခေါင်းပေါ် က အနီးဆုံးပစ္စည်းဖြစ်တဲ့ ဆံပင်တွေလည်းထိခိုက်ပါလေရော။ ရေရှည်စိတ်ရှုပ်၊ စိတ်ဖိစီး ရင် ဆံပင်တွေကျွတ်ပြီး ကျဲလာတာမျိုး ကြုံရတတ်ပါတယ်။ တချို့ဆိုရင် အရွယ်မတိုင်ခင် ပဲဖြူလာတာမျိုးပါ။ တချို့ကျတော့ခေါင်းမှာ နေရာကွက်ပြီး ကျွက်သွားတာမျိုး ရှိပါတယ်။ အရပ်ထဲမှာတော့ စုန်းကိုက်လို့ဆံပင်ကွက်ကျွက်တာ လို့ ပြောတတ်ပါတယ်။ တကယ်တော့လုံးဝ မဟုတ်ရပါဘူး။
ကိုယ်ခံအား အပြောင်းအလဲကြောင့် ကျွတ်ရတာပါ။တချို့ကျတော့ စိတ်ဖိစီးရင်၊ စိတ်ရှုပ်ရင် ကိုယ့်ဆံပင် ကိုယ်ပြန်နုတ်တာမျိုး ရှားရှားပါးပါး ရှိတတ်ပါတယ်။လက်သင့်တဲ့ ငယ်ထိပ်လိုမျိုးတွေ့ရမှာပါ။ မုတ်ဆိတ်ရှည်တဲ့ သူတွေကျတော့ မုတ်ဆိပ်မွေးဆွဲ နုတ်နေတာပေါ့။ ဒါကြောင့် လူတစ်ယောက်ဆံပင်တွေကျဲတယ်၊ ကျွတ်တယ်ဆိုရင် သူရဲ့ စိတ်ခံစားမှု အခြေအနေတွေကို စပ်စပ်စုစု မေးရတာပါ။
ဆံပင်ကျွတ်တဲ့ ပြဿနာအပြင် ဗောက်ထတာက တကယ်တော့ ဦးရေပြား မှိုတစ်မျိုးကြောင့် ဖြစ်ပေမယ့် စိတ်ဖိစီးတဲ့အခါ၊ ကိုယ်ခံအား အနည်းနဲ့ အများကျ သွားတာမို့ မှိုတွေပိုထပြီး ပိုယားတာမျိုးပါ။ ယားတော့ကုတ်ရတာပေါ့။စိတ်ရှုပ်ရတဲ့ အထဲခေါင်းကလည်း ရှုပ်ပါလေရော။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref : အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း
အမှတ်(၂၃၈)။ဖေဖော်ဝါရီလ၊ ၂၀၁၆ခုနှစ်။ page- 38
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

