အရွယ်ရောက်လာသော မိန်းကလေးများ၏ အိပ်မပျော်ခြင်း ပြဿနာ
25-Feb-2017
လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရ အရွယ်ရောက်သော မိန်းကလေးများ၊ အပျိုဖော် ဝင်ပြီး ဓမ္မတာလာခြင်း စလာပါက အိပ်မပျော်ခြင်းဆိုင်ရာ ပြဿနာများကို တွေ့လာရကြောင်း သိရသည်။ ဓမ္မတာမလာခင်အရွယ်တွင် သက်တူယောကျ်ားလေးများနှင့် ယှဉ်ကြည့်လျှင် မများသော်လည်း ဓမ္မတာလာပြီး အပျိုဖြစ်ချိန်တွင် ယောကျ်ားလေးများထက်ဖြစ်ပွား မှု နှစ်ဆများလာကြောင်း တွေ့ရသည်။
ဓမ္မတာ စချိန်မှာဖြစ်သော ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲနှင့် ရုပ်ပိုင်း ဆိုင်ရာဖွံ့ဖြိုး လာမှုများကြောင့် ယင်းကဲ့သို့သော အနှောင့်အယှက်ကို ဖြစ်လာစေနိုင်ကြောင်း သုတေသီများက ယူဆပါသည်။ ထို့ကြောင့် ဓမ္မတာလာစဉ် ရက်များ တွင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းသည် ဇီဝကမ္မ ပြောင်းလဲမှုသာဖြစ်ပြီး အိပ်ရာပြောင်းစဉ် အိပ်မပျော်ခြင်းမှာ စိတ်ဖိစီးမှုများသောကြောင့် ဖြစ်သည့်အတွက် စိတ်ရောဂါရနိုင်ခြေ များခြင်းနှင့် မသက်ဆိုင်ကြောင်း ဆယ်ကျော်သက် အများစုမှာ ဤပြဿနာရှိကြောင်း ဖော်ပြထားပါသည်။
ထိုသို့ အိပ်စက်မှု ကောင်းစွာမရခြင်းမှာ ပညာရေး၊ စိတ်နှင့် ခန္ဓာကိုယ် ကျန်းမာရေး များတွင်ပါ အနှောင့်အယှက် ဖြစ်လာနိုင်ပြီး ကုသမှုအနေနဲ့ နေထိုင်မှုပုံစံပြောင်းခြင်း၊ ဥပမာ နေ့စဉ် အချိန်မှန် အိပ်ရာဝင်၊ အိပ်ရာထလုပ်ခြင်း၊ အမူအကျင့်များပြောင်းခြင်း၊ လိုအပ်လျှင် အိပ်ဆေးများဖြင့် ကုသမှုခံယူခြင်းတို့ကို လိုအပ်ကြောင်း ဖော်ပြထားပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးအောင်ဆွေ (ဆေး-သု)
Health for all magazine, No.108, January 2016, Pg. 87
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

