စိတ်ဖိစီးမှုနှင့်အရေပြား
25-Feb-2017
စိတ်သောကတွေ ရေရှည်ခံစားရရင် အရေပြားထဲက ကိုလာဂျင်အမျှင်တွေ ပျက်စီး ကုန်ပါတယ်။ ကိုလာဂျင်ဆိုတာ အလွန်မာကြောတဲ့ ပရိုတင်းဓာတ်တွေနဲ့ ဖွဲ့စည်းထား တာပါ။ အရေပြားရဲ့ အလည်လွှာထဲမှာရှိပြီး အရေပြားကို တောင့်တောင့် တင်းတင်း ဖြစ်အောင် အဓိကကျားကန်ပေးထားတဲ့ ပစ္စည်းပါ။ ကိုလာဂျင်ပျက်စီးပြီဆိုတော့ အရေပြားမှာ အရေးကြောင်းတွေ ပေါ်လာပြီး ပါးရေနားရေတွဲကျတော့ တာပါ။ ဒါကြောင့် ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို အကြာကြီး ခံစားရသူတွေမှာ အသက်အရွယ် မတိုင်မီ အိုရုပ်ပေါက်သွားကြတာပါ။
အပူရုပ်ပေါ့။ ဒီကြားထဲ စိတ်ဓာတ်ကျပြီး မပြုမပြင် ဖြစ်ကတတ်ဆန်းနေလေတော့ အရေပြား အတွန့်အေခါက်တွေအပြင် ဆံပင်ကဖွာလန်ကျဲ၊ ပြီးတော့ ဖြူလျော်လျော်နဲ့ ခပ်ပါးပါးဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစာကျသွားတဲ့ပုံပါ။ စိတ်ဓာတ်ကျရင် အစား လည်းကောင်းကောင်းမစား၊ ကောင်းကောင်းလည်း အိပ်မပျော်လေတော့ ကြာလာတဲ့အခါ အရေပြားတို့၊ ဆံပင်တို့ အထိနာသွားတဲ့သဘောပါ။ အိပ်မပျော်၊ စားမဝင်၊ ပတ်ဝန်းကျင်ကို စိတ်မဝင်စားတဲ့ တကယ်အပူသည်ရုပ်ပါ။
ပျော်ပျော်နေသေခဲ
စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ အရေပြားပြဿ နာတွေအကြောင်းကို အရေပြားရှုထောင့် က ကွက်ကြည့်ပြီး ဆွေးနွေးလိုက်တာပါ။ အမှန်တော့ စိတ်နဲ့ကျန်းမာရေးဟာ အပြန်အလှန် ဆက်နွှယ်နေတာပါ။ အရေပြားအပြင် တခြားကိုယ်တွင်းအင်္ဂါရောဂါ မြောက်မြားစွာနဲ့လည်း ဆက်နွယ်ပတ်သက်နေတာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး
Arogyam magazine, No.283, January 2016, Pg. 39
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
