မူးယစ်ဆေးအန္တရာယ်
25-Feb-2017
မူးယစ်ဆေးစွဲလက္ခဏာများ
မူးယစ်ဆေးစွဲနေသူတစ်ဦးသည် မူးယစ်ဆေးဝါးမသုံးစွဲရပါက အောက်ပါလက္ခဏာများကို ခံစားရနိုင်ပါသည်။
၁။ စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
ဆေးသုံးစွဲလိုသည့် ဆန္ဒပြင်းထန်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ဂဏာမငြိမ်ခြင်း၊ စိတ်တိုခြင်း၊ ရန်ပြုလိုခြင်းနှင့် စိတ်ဓာတ်ကျခြင်း။
၂။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများ
ဘိန်း
သန်းဝေခြင်း၊ နှာရည်ယိုခြင်း၊ ကြက်သီးထခြင်း၊ ချွေးသီးချွေးပေါက်ထွက်ခြင်း၊ ကိုက်ခဲခြင်း၊ ပျို့အန်၍ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း။
စိတ်ငြိမ်ဆေးနှင့် အိပ်ဆေး
အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ တက်တတ်ခြင်းနှင့် အစားအသောက်ပျက်ခြင်း။
ဆေးခြောက်
ဗိုက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း။
လူငယ်လူရွယ်များ ဆေးအလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ
• ဘိန်းဖြူ၊ ဘိန်းမည်း၊ ဘိန်းချေး၊ ဘိန်းဆီ၊ ဘိန်းရည်။ မော်ဖင်း။
• ကိုဒင်းပါဝင်သော ချောင်းဆိုးပျောက်ဆေးပြားနှင့် ဆေးရည်များ။
• ပက်သဒင်း။
• ဒိုင်ယာဇီပင် စိတ်ငြိမ်ဆေး။
• မက်သာကာလုံး၊ (ဒဗလျူဆေးပြား)
• ဆေးခြောက်။
• အင်မ်ဖက်တမင်း
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Myanmar Healthcare Directory 2015 စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

