ရာသီမလာခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿ နာများနဲ့ လူမှုဝန်းကျင်
25-Feb-2017
ရာသီမလာခြင်းဟာ အစားအသောက်ပျက်ရောဂါ (Anorrexia Nervoae) နဲ့ တခြားအစားအအိပ်မမှန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါသေးတယ်။ အသက်ငယ်စဉ်ကတည်းက ရာသီမှန်ရာက ရာသီပျောက်သွားရခြင်းဟာ အားကစား အလွန်အကျွံ လုပ်ခြင်း၊ ကိုယ်အလေးကျခြင်းတို့နဲ့ ပတ်သက်ဆက်စပ်နေရတာဆိုရင် နောက်ပိုင်းကာလတွေမှာလည်း ရာသီမှန်ဖို့ ခဲယဉ်းတတ်ပါတယ်။
အိမ်ထောင်ကျရင်လည်း ကလေးရဖို့ ခက်ခဲတတ်ပါသေးတယ်။ သွေးမဆင်းဘဲ အကြာကြီးရပ်နေခဲ့တဲ့ အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းချို့တဲ့ခြင်းနဲ့ ကြုံတွေ့ရ တတ်တာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးတဲ့ (menopause) အဖြစ်နဲ့ ရင်ဆိုင်ရတတ် ပါတယ်။ ဒါ့အပြင် အီစထရိုဂျင် ဟော်မုန်းလျော့နည်းမှုကြောင့် အရိုးပါးတာ၊ ကယ်လ်ဆီယမ်ဆုံးရှုံးတာတွေက အသက်ငယ်ရွယ်စဉ် ၂၅-၃၀ နှစ်လောက်မှာကို စတင်ခံစားရတာမို့ အရိုးကျိုးလွယ်၊ အက်လွယ်လာပါတော့တယ်။
သွေးမပေါ်စေတဲ့ အကြောင်းအရင်းကို သေချာမသိဘဲ ဟော်မုန်းဆေးတွေ၊သွေးဆေးတွေ ကြားဖူးနားဝနဲ့ သောက်တာ၊ သုံးတာ မပြုလုပ်သင့်ပါဘူး။ ကုသမှုကလည်းအကြောင်းရင်းပေါ်မူတည်တာမို့ တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်ပါဘူး။ အီစထရိုဂျင်ဟော်မုန်း ပမာဏနည်းတဲ့လူနာကို OG တွေက အဲဒီဟော်မုန်းပေးကုသမှာဖြစ်ပါတယ်။ အိမ်ထောင်မပြုဘူး၊ အိမ်ထောင်ပြုလည်း ကလေးယူဖို့ အစီအစဉ်လည်း မရှိဘူး။ သွေးမဆင်းတဲ့အကြောင်းရင်းကလည်း အသက်အန္တရာယ် မရှိတာသေချာ တယ်ဆိုရင် ဘာကုသမှုမှတောင် ယူစရာမလိုပါဘူး။ အားပေးစကားပြောခြင်း၊ လိုအပ်ရင် Follow-up မှန်မှန်သွားပြခြင်း ပြုလုပ်ရုံပါပဲ။
အီစထရိုဂျင်နည်းတာနဲ့အတူ အရိုးပါးရောဂါပါ ရှိနေရင် ကုသမှုကို တစ်လက်စတည်း ခံယူရမှာပါ။ ပြင်းထန်တဲ့ အားကစားလုပ်ခြင်းကို လျှော့ပါ၊ ကိုယ်အလေးချိန် ကျလွန်း တာကို ပုံမှန်ရောက်အောင်လုပ်၊ ကောင်းစွာအနားယူပေမယ့် ရာသီသွေးမှန်မှန် လာဖို့ ကတော့ မသေချာလှပါဘူး။ ဆေးဝါးကြောင့် ရာသီထိမ်တာဆိုရင် အဲဒီဆေးတွေ ဖြတ်တောက်ပြီး အခြားဆေးဝါးပြောင်းလဲကုဖို့ ဆရာဝန်များထံမှ အကြံဉာဏ်ယူရပါမယ်။
ဦးနှောက်ပိုင်းဆိုင်ရာ ဟိုက်ပိုသာလမတ်စ် ချို့ယွင်းချက်ကြောင့်ဆိုရင် သက်ဆိုင်ရာဆရာဝန်များ ညွှန်ကြားချက်အတိုင်း ဆေးကုသမှုခံယူရမှာပါ။ လက်ဝင်တဲ့ ကုသမှု၊ ဟော်မုန်းပမာဏတွေ အမြဲမပြတ်စစ်ဆေးနေရမှု၊ မှန်မှန်ပြန်လည်ပြသမှုတွေကို မပျက်မကွက်ခံယူသင့်ပါတယ်။ ကုသမှုအောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာက ရောဂါရှင်ရဲ့ စိတ်ရှည်မှု၊ ဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ကုသရ၊ မရအပေါ် မူတည်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, February 2015, Pg.72-73
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
