သဝန်တိုတာက စိတ်ရောဂါလား . . .
25-Feb-2017
Q. ချစ်သူအပေါ် သဝန်အရမ်းတိုတဲ့ စိတ်၊ အပြစ်ကို အမျိုးမျိုး ရှာတတ်တဲ့ စိတ်က စိတ်ရောဂါနဲ့ ဆိုင်ပါသလား ဆရာ။
နေခြည်၊ ကျောက်တံတား။
A. သဝန်တိုတယ်ဆိုတာ-
(၁) ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘကြောင့်ပါ။
(၂) အဲဒီ ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘရှိလို့ ပျောက်ဆုံးသွားမှာကို စိုးရိမ်တဲ့အတွက် ဒေါသက ပါလာတာပါ။ ပုထုစဉ်တွေရဲ့ သဘောတရားက အဲဒီ အတိုင်းပါပဲ။ လက်ခံနိုင်တဲ့ အတိုင်းအတာဆိုရင်တော့ ရပါတယ်၊
အရက်လိုပေါ့။ စီးကရက်ဆိုရင် ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်တဲ့အတွက် မသောက်သင့်ဘူးလို့ ဆေးပညာရှင်တွေက တညီတညွတ် တည်း ပြောထားကြတယ်။ ဒါပေမဲ့ အရက်ကိုတော့ အသင့်အတင့်သောက်နိုင်တယ်ဆိုပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နဲ့ လူ့အသိုင်းအဝိုင်းက လက်ခံ ထားပါတယ်။ အရက်ဆိုရင် အတိုင်းအတာ တစ်ခု အတွင်းမှာတော့ ရောဂါလို့ မသတ်မှတ်ဘဲ လူမှုရေးအရ အရက်သောက်တာ (Social Drinker) လို့ ခေါ်ပါတယ်။ လွန်ရင်တော့ အရက်စွဲရောဂါလို့ သတ်မှတ်ပါတယ်။ သဝန်တိုတာကလည်း အဲဒီလိုပါပဲ. .သဝန်တိုတယ်ဆိုတာ အတိုင်းအတာတစ်ခုထက် လွန်ရင်တော့ ရောဂါ ဖြစ်သွားပါတယ်။
Healthcare.com.mm
Ref:
ဒေါက်တာဦးဇော်စိန်လွင်
ဆေးရုံအုပ်ကြီး (ငြိမ်း)
(စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)
HealthyLifeJournal.
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
