Stress တွေ လျော့စေဖို့
25-Feb-2017
၁။တစ်ယောက်တည်းနေချိန်ထားရှိပါ။
စိတ်ကိုငြိမ်းချမ်းစေဖို့အတွက် ၁နေ့ကိုမိနစ်အနည်းငယ်(၂ဝမိနစ်ခန့်) တရားထိုင်တာပဲဖြစ်ဖြစ် တစ်ယောက်တည်းငြိမ်ငြိမ်လေးထိုင်နေတာပဲဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးခြင်းဟာ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။
၂။လေ့ကျင့်ခန်းလုပ်ပါ
လေကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာမက သင့်ရဲ့စိတ်ကိုလန်းဆန်းစေပြီး Stressတွေကိုလျော့ကျစေမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းဆိုတာကလည်း တစ်နေ့ကို မိနစ်(၃၀)ခန့် ပုံမှန်လေးလမ်းလျှောက်တာတို့၊ စက်ဘီးစီးတာတို့လုပ်ရင်တောင်ရပါပြီ။
၃။အခန်းချည်းပဲမအောင်းပါနှင့်
သဘာဝအလင်းရောင်ဟာစိတ်ခွန်အားကိုပေးတဲ့အပြင် ရောဂါပိုးမွှားတွေကိုပါသေစေပါတယ်။ ဒါကြောင့် အမြဲတမ်းအခန်းချည်းမအောင်းပဲ အပြင်ဘက်ကိုလည်းမကြာခဏထွက်ပေးသင့်ပါတယ်။
၄။အလုပ်ခွင်ကနေအပြင်ကိုထွက်ပါ
အလုပ်ချည်းပဲလုပ်နေခြင်းဟာ Stress တွေကိုများစေပါတယ်။ ဒါကြောင့်နေလည်စာစားချိန်မျိုးမှာ အပြင်ဘက်ကိုခဏထွက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ရုံးကိုပတ်ပြီး ခဏလောက်စိတ်ပြေလက်ပျောက်စကားပြောတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။
၅။ပိတ်ရက်ရှည်တွေမှာခရီးသွားပါ
အားလပ်ရက်မှာခရီးသွားခြင်းဟာ စိတ်ကိုအပန်းပြေစေတဲ့အပြင် Stress တွေကိုလည်းလျော့ချပေးနိုင်တာကြောင့် ပိတ်ရက်ရှည်တွေမှာဖြစ်နိုင်ရင် သင်သွားချင်တဲ့နေရာတစ်ခုခုကို ခရီးသွားပေးသင့်ပါတယ်။
၆။စာဖတ်ပါ
Sussex Universityရဲ့ သုတေသနပြုမှု့တွေအရ ၆မိနစ်စာဖတ်ခြင်းဟာ Stress ၆၈% ကိုလျှော့ချပေးပါသတဲ့။ စာဖတ်ခြင်းဟာ ဗဟုသုတကိုတိုးစေတဲ့အပြင်၊ စိတ်ကိုပါတက်ကြွစေနိုင်တာကြောင့် တစ်နေ့ကိုအချိန်အနည်းငယ်ပေးပြီး စာဖတ်တဲ့အကျင့်ကိုလည်း ထားသင့်ပါတယ်။
၇။အိပ်ရေးဝဝအိပ်ပါ
ဒါဟာ အရေးကြီးဆုံးအချက်ပါ။ သင်အိပ်ရေးမဝလို့ကတော့ ဘယ် အလုပ်ကိုမှစိတ်ပါလက်ပါလုပ်နိုင်မှာမဟုတ်လို့ပါပဲ။ အိပ်ရေးမဝခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ဒေါသထွက်လွယ်၊ သတိမေ့လွယ်တာကြောင့် အမှားတွေကိုပိုမိုဖြစ်စေနိုင်ပြီးStress တွေကိုတိုးစေပါတယ်။ ဒါကြောင့်တစ်နေ့ကို ရနာရီခန့်အနည်းဆုံးထားပြီး အိပ်ဖြစ်အောင်အိပ်သင့်ပါတယ်။
Healthcare.com.mm
Ref:
Skk
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

