Hallucination ထင်ယောင်ထင်မှားဖြစ်ခြင်း
25-Feb-2017
အမှန်တကယ်မရှိသော အရာကိုရှိသည်၊ ဖြစ်သည်ဟု ထင်မြင်နေခြင်းကို Hallucinationဟုခေါ်သည်။ ထင်ယောင်ထင်မှားဖြစ်ရာ၌ မရှိသည်ကိုမြင်ခြင်း၊ မရှိသောအရာနှင့် ထိတွေ့သည်ဟု ခံစားမိခြင်း၊ မကြားရဘဲနှင့် ကြားယောင်နေခြင်း စသဖြင့် အမျိုးမျိုးရှိသည်။ထိုသို့ဖြစ်ခြင်းသည် ဖျားနာခြင်းနှင့် ကယောင်ကတမ်းဖြစ်ခြင်းတို့၌လည်း တွေ့ရသော်လည်း အဓိကအားဖြင့် စိတ်ရောဂါဝေဒနာရှင်များတွင်သာ ဖြစ်လေ့ရှိပါသည်။ (Delirium နှင့် mental illness တို့တွင် ဖတ်ရှုပါ။)
စိတ်ရောဂါများအနက် စိတ်ကစဉ်ပကလျားရောဂါ (Schizophrenia) ကြောင့် သော်လည်းကောင်း၊ ဆေးဝါးများကြောင့် သော်လည်းကောင်း
ဖြစ်နိုင်သည်။ (ဥပမာ - LSD) ထင်ယောင်ထင်မှားဖြစ်ခြင်း (hallucination) သည်တစ်ခါတစ်ရံတွင် ယုံမှားလွန်ခြင်း (Delusion) နှင့် ဆင်တူသည်ကို တွေ့ရသည်။ Delusion မှာ အမှန်တကယ်ရှိသော အရာကို ထင်မှတ်မှုမှားယွင်းခြင်း ဖြစ်၏။ နံရံလွတ်တစ်ခုကိုစိုက်ကြည့်ပြီး ကနေသောရုပ်ပုံများ မြင်နေရသည်ဆိုသောလူနာများ Hallucination ရောဂါရှင်ဖြစ်ပြီး စျေးသည်နှင့် စကားပြောနေသောဇနီးသည်ကို ယောကျ်ားတစ်ယောက်နဲ့ တွေ့ဆုံရန် ချိန်းဆိုနေသကဲ့သို့ ကြားယောင်နေသော လူနာသည်ကား Delusion ဝေဒနာရှင် တစ်ဦးဖြစ်၏။
Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
