မိတ္တူကူးသူများ
25-Feb-2017
အဖေ အမေ ဆေးလိပ်သောက်တဲ့အခါ ရောဂါကနောက်မှ လာတာထား။သားသမီးတွေကူးယူတာက အရင်ပါ။
အဖေ အမေတွေ ဆေးမင်ထိုးတဲ့အခါ နောင်တရတာ မရတာထား။ သားသမီးတွေကူးယူတာက အရင်ပါ။
အဖေ အမေ တွေ ဒေါသတကြီး အော်ဟစ်တဲ့အခါ ပြီးရင် စိတ်ပြန်ပြေ တယ်ထား။ သားသမီးတွေကူးယူတာက အရင်ပါ။
အဖေ အမေ တွေက တစ်ပါးသူကို လှောင်တာ ရိုးရိုးစတယ်ပဲ ထား။ သားသမီးတွေကူးယူတာက အရင်ပါ။
အဖေ အမေ တွေ အခိုက်မသင့်လို့ ရန်ဖြစ် ပြီးရင် နောက်ပြန်ချစ် တာ ထား။ သားသမီးတွေကူးယူတာက အရင်ပါ။
အဖေ အမေ တွေ အရာရာကို တစ်ဖက်ပိတ် ဆုံးဖြတ်တာ မှန်တယ် ထား။ သားသမီးတွေကူးယူတာက အရင်ပါ။
ဒီလိုကျွန်တော်တို့ အဖေအမေ ဆီကနေ ပတ်ဝန်းကျင်ကနေ ဘယ်လောက်တောင် ဘာတွေများ ငယ်စဉ်က ကူးယူခဲ့ပြီးပြီလဲ။
မှားမှန်း မှန်မှန်း မသိပေမယ့် အဖေအမေ အပြောအဆိုကို လိုက်လံ အတုခိုး နေထိုင်တတ်ခြင်းဟာ ကလေးတို့ရဲ့ သဘာဝ ပါ။
ဒါကို ကျွန်တော်တို့ အမှန်မြင်လို့ပြင်သင့်တယ် မထင်ဘူးလား။
မိဘဆိုတာ သားသမီးရဲ့ စံပြ အားကျရသူ တစ်ယောက်ပါ။ အဖေကို သားတွေက တစိမ့်စိမ့် လိုက်ကြည့်နေတတ်သလို အမေလုပ်တတ်တဲ့ အပြုအမူလေးတွေကိုလဲ အတုခိုးလို့ ပြုမူတတ်တာ ဖြူစင်တဲ့ ကလေးငယ် တွေပါ။
တကယ်လို့ ကလေးတစ်ယောက်က မလုပ်ချင်ဘူးဆိုရင် မိဘတွေက အတင်းဇွတ်ခိုင်းလေ့ရှိတယ်။ ကလေးတစ်ယောက်မလုပ်ချင်တဲ့ အလုပ် ဆိုတာ တကယ်တော့ မိဘ မလုပ်တဲ့ အလုပ် ဖြစ်လေ့ ရှိပါ တယ်။ ဒါ့ကြောင့် သူတို့ လုပ်စေချင်ရင် ကိုယ်ပါ ပြင်ကြည့်ပါ။ လိုက်လုပ် ပါလိမ့်မယ်။
သူတို့ လုပ်လာတဲ့အခါ... သူတို့ အသိုင်းအဝိုင်းပါ အံ့သြလောက်aအာင် စိုပြေလာတာကို သင် မိဘတစ်ယောက်အနေနဲ့ တွေ့ရမှာပါ။
ဘာလို့လဲဆိုတော့ သူတို့လိုပဲ ကူးတတ်သူတွေ နဲ့ အကျင့်လေးတွေ ဖလှယ်လေ့ရှိတယ်။
အကျင့်ကောင်း အလုပ်ကောင်းလေးတွေ အတုခိုးaလ့ရှိပါတယ်။
ဒီတော့ သင့်ကလေးအနာဂတ်အတွက် သင်ဟာ ရှေ့ဆောင်ကောင်းဖြစ်ပါစေ။
Healthcare.com.mm
Ref:
မှတ်စုကြမ်း
kyawnge
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

