အိမ်ပျော်နေစဉ် ဖြစ်တတ်သောပြဿနာများ
31-Oct-2016
ကျွန်တော်တို့သည် အိပ်ပျော်နေစဉ် အိပ်မက်မက်ခြင်း (Dreaming) ၊ဟောက်ခြင်း (Snoring)၊ သွားကျိတ်ခြင်း (Bruxism)၊ ယောင်ခြင်း သို့မဟုတ် စကားပြောခြင်း (Sleep talking ) နှင့် ဆီးသွားခြင်း (Bed weatting) စသော အဖြစ်များကို ကြုံဖူးကြားဖူးမြင်ဖူးကြသည်။ သိပ်ကြီးမားသော ပြဿနာများဟု မဆိုနိုင်ပါ။ တစ်ခုတင်လည်း၊ တစ်ခန်းတည်း အတူအိပ်သူတို့ကို စိတ်အနှောက်အယှက် ဖြစ်စေရုံသာဖြစ်သည်။ တော်ရုံသန်ရုံဖြစ်လျှင် ဆရာဝန်များထံ ရောက်မလာတတ်ပါ။ ထိုသို့ ဆရာဝန်များဆီသို့ရောက်မလာတတ်သော်လည်း ကလေးများတွင် ဖြစ်တတ်သော ပြဿနာသုံးခု ရှိပါသည်။ ကလေးမိဘများ ဗဟုသုတရရန်အလို့ငှာ တင်ပြလိုက်ပါသည်။
၁။ အိပ်နေရင်း လမ်းလျှောက်ခြင်း (Sleepwalking) ဆိုသည်မှာ ညဉ့်ဦးပိုင်း အိပ်မောကျနေသည့် အချိန်တွင် အိပ်ရာမှထ၍ လမ်းလျှောက်ခြင်းဖြစ်သည်။ သူ့ကိုယ်သူ ဘာလုပ်နေမှန်းမသိပါ။ ခဏတစ်ဖြုတ်သာ ဖြစ်သော်လည်း ဟိုတိုက်သည်တိုက်မိ ခိုက်မိတတ်သည်။ လဲနိုင်၊ ကွဲနိုင်သည်။ စိတ်ငြိမ်ဆေးပေးလျှင် သက်သာသည်။
၂။ အိပ်ရာမှ အလန့်တကြားနိုးလာခြင်း (Night terrors) သည် အိပ်မောကျနေစဉ် အလွန်ကြောက်ရွ့ံတုန်လှုပ်စွာ ချက်ချင်းနိုးလာခြင်းမျိုး ဖြစ်သည်။ အော်ဟစ်ငိုယိုနေတတ်သည်။ အိပ်ပျော်၍ တစ်နာရီ နှစ်နာရီအတွင်း အော်ဟစ်ငိုယိုနေတတ်သည်။ အိပ်ပျော်၍ တစ်နာရီ နှစ်နာရီအတွင်း ဖြစ်တတ်၏။ ကလေးက သူဘာဖြစ်သည်ကို မသိပါ။ ဆေးဝါးဖြင့် ကုသရန် မလိုတတ်ပါ။ ညစဉ်အချိန်မှန်ဖြစ်နေလျှင် ကလေးကို မဖြစ်ခင်ကြိုတင်နှိုးလိုက်ခြင်းအားဖြင့် သက်သာသွားစေသည်။
၃။ ကြောက်စရာအိပ်မက်မှနိုးလာခြင်း (Nightmares) သည် REM အဆင့်တွင်ဖြစ်သောပြဿနာဖြစ်သည်။ အိပ်ပျော်နေစဉ် ကြောက်လန့်စရာ အိပ်မက်မျိုး မက်ရာမှ နိုးလာခြင်းဖြစ်ပြီး အိပ်မက်အကြောင်း အသေးစိတ်မှတ်မိတတ်၏။ Night terror လောက် အခြေအနေမဆိုးပါ။ ဆေးဝါးဖြင့် ကုသရန် မလိုပါ။
Healthcare.com.mm
Ref:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
