ဂနာမငြိမ်ဖြစ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိစေန...
30-Oct-2016
ဂနာမငြိမ်ဖြစ်တယ်ဆိုတာ ဘေးက ကြည့်နေတဲ့လူအတွက်တော့ အာရုံနောက်စရာဖြစ်နိုင်ပေမယ့် သင့်ရဲ့ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။သုတေသန တစ်ခုက အကြံပေးလိုက်တာကတော့ မနားမနေ လှုပ်ရှားနေခြင်းဟာ အချိန်ကြာရှည်စွာ ထိုင်နေခြင်းရဲ့ သက်ရောက်မှု တွေကို ပြောင်းပြန် သက်ရောက်မှုဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ထိုင်နေတဲ့အချိန်တွေ မရှိခြင်းဟာ သင့်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ လိဒ် တက္ကသိုလ် နဲ့ လန်ဒန် တက္ကသိုလ် ကောလိပ် မှာရှိတဲ့ သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာမှု တစ်ခုဟာ ဂနာ မငြိမ် ဖြစ်ခြင်း ရဲ့ သက်ရောက်မှုတွေကို ပထမဆုံးအကြိမ် လေ့လာ ကြည့်ခဲ့ကြပါတယ်။
သုတေသီတွေ အနေနဲ့ အချိန်ကြာရှည်စွာ ထိုင်နေခြင်းဟာ တစ်ခါတစ်လေ မှ ဂနာမငြိမ် ဖြစ်တတ်တယ်လို့ ဆိုတဲ့အမျိုးသမီးတွေအတွက် စောစောစီးစီး သေဆုံးဖို့ အခွင့်အလမ်းများစေနိုင်တယ် ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဂနာမငြိမ်ဖြစ်တတ်တယ်ဆိုတာကို လက်ခံထားသူတွေနဲ့ မကြာမကြာ ဂနာမငြိမ်ဖြစ်နေတတ်သူတွေကတော့ စောစောစီးစီး သေဆုံးမယ့် အလားအလာ နည်းပါးတာကိုတွေ့ရပြန်ပါတယ်။ ဒါ့အပြင် ညွှန်ကြားထားတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ပမာဏ ရှိပြီး တစ်ညကို ၈ နာရီခန့် အိပ်စက်သူတွေဟာ တစ်နေ့ကို ၁၅ နာရီ ခန့် ထိုင်နေခြင်းနဲ့ အချိန်ကုန်ဆုံး နေလေ့ရှိကြပါတယ်။ တစ်ကယ်တော့ ထိုင်ပြီး အလုပ်လုပ်ရတဲ့ ဘဝနေထိုင်မှုတွေဟာ ကျန်းမာရေးအတွက် လုံးဝ မကောင်းပါဘူး။ ဒါကြောင့် ထိုင်တဲ့အချိန်တွေ မရှိစေခြင်းဟာ ခန္ဓာကိုယ်အတွင်းက ဂလူးကို့စ် နဲ့ အင်ဆူလင် တုံ့ပြန်မှု တွေကို ရရှိစေတဲ့အတွက် ကောင်းမွန်တဲ့ ကျန်းမာရေး မျိုးဖြစ်လာအောင်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ အသက် ၃၅ နှစ်ကနေ အသက် ၆၉ နှစ်ကြားရှိကြတဲ့ အမျိုးသမီး အယောက် ၃၅၀၀၀ ရဲ့ လူနေမှု ပုံစံတွေက ရယူထားတဲ့အချက်အလက် တွေကို ခွဲခြမ်းစိတ်ဖျာ လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ အမေရိကန်ဂျာနယ် ဖြစ်တဲ့ Preventive Medicine မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Ref:
Mario
Thithtoolwin.com
Friday, September 25, 2015
Source :
Dailymail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
