တက်တူး ရှိသူတွေဟာ ပိုမိုဒေါသထွက်လွယ်ပြီး ပုန်ကန်တတ်တဲ့ စိတ်သဘောရှိနေ
30-Oct-2016
အရေပြား ပန်းချီလို့ တင်စားခေါ်ဝေါ်ကျတဲ့ တက်တူး(Tattoo) တွေဟာ ဒီနှစ်ပိုင်းတွေမှာ လူငယ်တွေကြားရေပန်းစားနေတဲ့ ပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ချိန်တစ်ခါတုန်းကတော့ တက်တူးတွေဟာ ထောင်သားတွေနဲ့ ဆိုင်ကယ်စီး ဂိုဏ်းတွေရဲ့ အမှတ်အသား တစ်ခုသာဖြစ်ခဲ့ပေမယ့် ဒီခေတ်မှာတော့ တက်တူးဆိုတာဟာ အသားပေါ်က အနုပညာ တစ်ခုအဖြစ် မှတ်ယူလာကြတဲ့အပြင် ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဇနီးမှာပါ တက်တူး ရှိနေပါပြီ။ဒါပေမယ့်လည်း တက်တူး ရှိတဲ့သူတွေဟာ တက်တူးမရှိတဲ့သူတွေထက် ပိုပြီးဒေါသထွက်လွယ်ကြပြီး ပုန်ကန်ထကြွလိုတဲ့ စိတ်သဘောမျိုး ရှိကြတယ်လို့ သုတေသီ တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Anglia Ruskin တက္ကသိုလ်က ပရော်ဖက်ဆာ Viren Swami ဟာ အသက် ၂၀ ကနေ ၅၈ နှစ်ကြားရှိတဲ့ အမျိုးသမီး ၁၈၁ ယောက်နဲ့ အမျိုးသား ၁၉၇ ယောက် - စုစုပေါင်း ၃၇၈ ယောက်တို့ကို လေ့လာကြည့်ခဲ့ပါတယ်။ ထို ပုဂ္ဂိုလ်တွေရဲ့ ၄ ပုံ ၁ ပုံ - ၉၇ ယောက် ဟာ တက်တူးရှိကြပါတယ်။
တက်တူးရှိတဲ့သူတွေဟာ နှုတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ ဒေါသထွက်မှု အပိုင်းတွေ နဲ့ ပုန်ကန် လိုတဲ့ သဘောတရားတွေမှာတော့ တက်တူးမရှိတဲ့ သူတွေထက် ပိုမိုဆိုးရွားတာကို စစ်တမ်းကောက်ယူမှုက တစ်ဆင့် တွေ့ခဲ့ရပြီး တက်တူးရှိတဲ့သူတွေနဲ့ တက်တူးမရှိတဲ့ သူတွေဟာ ပညာရေး အပိုင်းမှာတော့ ကွာခြားမှု မရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပုန်ကန်ခြင်းကို တုံ့ပြန်ပြသတတ်တဲ့ လူတစ်ချို့ဟာ သူတို့ကို တစ်ယောက်ယောက်က အာဏာ အသုံးပြုပြီး အော်ဟစ်လာတဲ့အခါမှာ ဒေါသထွက်ပြီးပြန်လည်ငြင်းခုံပြောဆိုတတ်ကြပြီး ပုန်ကန်မှု ကို ဖန်တီးရယူတတ်သူတွေကတော့ အကောင်းမြင်တဲ့စိတ်ပိုများကာအာဏာသုံးပြီး အော်ဟစ်လာမှုတွေကို အေးအေးဆေးဆေးဖြေရှင်းတတ်ကြပါတယ်။ "တက်တူးရှိတဲ့ အရွယ်ရောက်ပြီးသူတွေဟာ ပုန်ကန်ခြင်းကို တုံ့ပြန်ပြသတတ်သူတွေပါ။ ပုန်ကန်မှုကို ဖန်တီးရယူသူတွေမဟုတ်ကြပါဘူး" လို့ ပရော်ဖက်ဆာ Viren Swami က ဆိုပါတယ်။ ကောင်းသတင်း တစ်ခုကတော့ တက်တူးရှိသူတွေဟာ တက်တူးမရှိသူအားလုံးထက် ရုပ်ပိုင်းဆိုင်ရာ ဒေါသထွက်မှုတွေနဲ့ တုံ့ပြန်တတ်မှု နည်းပါးတာကိုတွေ့ရတယ်လို့ Body Image ဆိုတဲ့ မဂ္ဂဇင်းထဲမှာ ပုံနှိပ်ဖော်ပြလိုက်တဲ့ သုတေသန အရသိရပါတယ်။
Ref:
Mario
Thithtoolwin.
Saturday, October 17, 2015
Source :
Daily mail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
