Ecstasy စိတ်ကြွဆေး
30-Oct-2016
ထိုဆေးသည် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး Methylenedioxy Methamphetamine (MDMA) ဟုခေါ် သည်။ ထိုဆေးကို ယခင်က ” အပျော်ကြမ်းစေသည့်ဆေး” (Rave Drug) ဟုခေါ်သည်။ ထိုဆေးသည် လူ့ခန္ဓာကိုယ်ထဲရောက် ပြီးသည်နှင့် လူ၏လှုပ်ရှားမှုကို ထိန်းချုပ်သော ဓာတုဗေဒပစ္စည်းဖြစ်သည့် ဆီရိုတိုနင် (Serotonin)၊ လူကိုနိုးကြားတက်ကြွစေရုံမက နှလုံးခုန်နှုန်း အပါအဝင် တစ်ကိုယ်လုံးရှိ အင်္ဂါအားလုံးနီးပါးကို စက်ကုန်ဖွင့်မောင်းသော အင်ဂျင်ကဲ့သို့ဖြစ်အောင် ဖန်တီးပေးသည့် အဒရီနယ်လင်း (Adrenaline) တို့ကိုပါ ထုတ်လွှင့်ပေးသည်။ ထိုအခါလူ၏ လှုပ်ရှားမှု၊ ပြောဆိုမှုတို့သည် အတားအဆီးမရရှိ၊ စဉ်းစားချင့်ချိန်မှုမရှိဘဲ လါတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့် ရသည်။ ထို့အတူ Sexual Awareness ခေါ် လိင်မှုဆိုင်ရာတက်ကြွမှုပါ လွတ် လွတ်လပ်လပ်ဖြစ်အောင် လှုံ့ဆော်သဖြင့် “ Hug Drug “ ဟုပင်ခေါ်ပါသေးသည်။ ထိုဆေးကို မူလက ကမ္ဘာနိုင်ငံအနှံ့အပြားတွင် အလွယ်တကူရောင်းချကြသည်။ သေချာစွားစစ်ဆေး ကြည့်မှ ထိုဆေး၏ မူလသဘောကိုတွေ့ရှိပြီး ဆေးကြောင့်နှလုံးခုန်မြန်မှု၊ သွေးပေါင်ချိန်တက်မှု၊ ခန္ဓာကိုယ် အပူချိန် မြင့်မားမှုများဖြစ်ကာ မူးဝေအော့အန်ခြင်း၊ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်းတို့ကြောင့် အချိန်အနည်းငယ်အတွင်း လူ့အသက်အန္တရာယ် ကို မထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။
ထို့အတူ အခြားမူးယစ်ဆေးဝါးများကဲ့သို့ စွဲစေသည့် သဘောလည်း ရှိပြန်သဖြင့် ကမ္ဘာအနှံ့ တားဆီးပိတ်ပိတ်မှု များ အလျင်အမြန်လုပ်ကြရသည်။ “ ဒီဆေးကြောင့် ကိုယ်ခန္ဓာကဆုံးရှုံး ကြွက်သားဆဲလ်တွေ ထိခိုက်ပြီး ကျောက်ကပ်၊ အသည်း၊ ဦးနှောက်တွေပါ ထိခိုက်ပျက်စီးပါတယ်။ ဒါကြောင့်သွေးယိုစီးမှု၊ ၀က်ရူးပြန်သလိုတက်မှု၊ ဦးနှောက်ရောင်ရမ်း မှုစတဲ့ ကြီးမားတဲ့ပြသနာတွေဖြစ်စေတာတွေ့ရ ပါတယ်“ ဟု စင်ကာပူနိုင်ငံမှ ဒေါက်တာလိုင်ဆိုင်ဟိုးက ပြောကြားူသည်။အမေရိကန်နိုင်ငံ၊ ဘယ်လ်တီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုယ် ဆေးရုံကြီးမှ ဦးနှောက်အာရုံကြော ပါရဂူ ဒေါက်တာယူနာမက်ကင်း၊ ဒေါက်တာဂျော့ချ်ရီကား တို့အဖွဲ့၏ စမ်းသပ်မှုတွင်- “ ဒီ MDMA (Ecstasy) ဆေးကိုမျောက်တွေမှာ စမ်းသပ်တဲ့အခါ အာရုံကြောအစွန်းတွေကို ပျက်စီးစေ တဲ့အတွက် ဦးနှောက်ကိုထိန်းချုပ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့၊ ဒိုပါမင် (Dopamine) ထုတ်လုပ်မှုကို များစွာ ထိခိုက်စေတာ တွေ့ရပါတယ်။ ဒါဟာ သွက်ချာပါဒရောဂါ၊ ပါကင်ဆန်ရောဂါ (Parkinsson’s Disease) ဖြစ်စဉ် နှင့် အတူတူပါပဲ။ ဒါေြ့ာင့် ဒီဆေးဟာ သွက်ချာပါဒရောဂါဖြစ်စေတဲ့ ကြောက်စရာဆေးတစ်မျိုးလည်းဖြစ် တယ်။” ဟုပြောသည်။
Ref:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health For All Magazin No.102, Pg.90-92,June.2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
