လုပ်ငန်းခွင်စိတ်ဖိစီးမှုများကို တိုက်ဖျက်ရန် နည်းလမ်းများ
30-Oct-2016
တစ်နေ့တာ လုပ်ငန်းခွင်တွင် အလုပ်တာဝန်ပိုများလာခြင်း၊ ရုံး၏မူ ဝါဒများ၊ အရသာမရှိသော ကင်တင်းမှ စားစရာများနှင့် အခြားစိတ် ဖိစီးစရာများ ပါဝင်နေပါက ယင်းကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများအတိုင်း လိုက်နာနိုင်ပါသည်။အလုပ်များလာလျှင် ခဏလောက်အနားယူလိုက်ပါ။ တစ်စုံတစ်ယောက်နှင့် စကားစမြည်ပြောပါ။ တေးသီချင်းနားထောင်ပါ (သို့မဟုတ်) တစ်မှေးအိပ်လိုက်ပါ။ပြဿနာများအားလုံးကို စိတ်ထဲမထားပါနှင့်။ ယင်းသို့ လုပ်ဆောင်ပါက သင်ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ရန် အကြံဉာဏ်ကောင်းများ၊ အတွေးအမြင်သစ်များရရန် အထောက်အကူ ပြုပါလိမ့်မည်။
စိတ်ကို အေးအေးဆေးဆေးထားပြီး မတူညီသော အလုပ်တစ်ခုကိုပြောင်းလုပ်ပစ်လိုက်ပါ။ သောက်ရေဘူးရှိရာသို့ လမ်းလျှောက်သွားခြင်း
(သို့မဟုတ်) ရယ်စရာဗီဒီယိုတစ်ခု ဖွင့်ကြည့်ခြင်းများ ပြုလုပ်ပါ။ ခဏတာအနားယူပါ။ သို့သော် ကော်ဖီမသောက်ပါနှင့်။ ကော်ဖီသောက်ပါက သင့်ကို သက်သောင့်သက်သာမရှိ ဖြစ်စေပါလိမ့်မည်။
ဒေါသထွက်ခြင်းနှင့် စိတ်ဖိစီးခြင်းတို့တွင် မူလရင်းမြစ်တစ်ခု ရှိပြီး ဒေါသထွက် စိတ်ဖိစီးရသည့် အကြောင်းရင်းကို နားလည်ပါကအကောင်းဆုံးဖြစ်သည်။ရန်သူကို သိထားရမည်ဆိုသော စကားအတိုင်း ဒေါသထွက် စိတ်ဖိစီးစေသော အကြောင်းရင်းကို သိထားပါက သက်သာအောင် ပြုလုပ်ရန် လွယ်ကူမည်ဖြစ်သည်။စိတ်ဖိစီးနေပါက တရားထိုင်ပါ။ သင်၏အလုပ်စားပွဲမှ ထွက်သွား၍မရဖြစ်နေပါက ခန္ဓာကိုယ်သက်သောင့်သက်သာရှိအောင်လုပ်ဆောင်ပါ။ ယောဂလေ့ကျင့်ခန်းများဖြင့် စိတ်ရောကိုယ်ပါ ပျော်ရွှင်စေရန်ပြုလုပ်ပါ။
အလုပ်နှင့်ပုဂ္ဂိုလ်ရေးကိစ္စများကို သီးခြားစီထားပါ။ အလုပ်၏ ဖိစီးမှုက သင်၏ပုဂ္ဂိုလ်ရေးကိစ္စများအပေါ် အကျိုးသက်ရောက်စေနိုင်ပြီး ပုဂ္ဂိုလ်ရေးဖိအားများကလည်း အလုပ်ကိစ္စများအပေါ် အကျိုးသက်ရောက်နိုင်သဖြင့် ယင်းကိစ္စနှစ်ခုကို သီးခြားစီထားပါ။ အကောင်းမြင်လေ့မရှိသော လုပ်ဖော်ကိုင်ဖက်နှင့်ဝေးဝေးနေပါ။ သို့သော် သင့်အနားတွင်ရှိနေပါက ၎င်းတို့ပြောသောစကားကိုနားထောင်လိုက်ပါ။ သို့သော်အဆင်ပြေအောင် အလိုက်သင့်တုံ့ပြန်ခြင်းမျိုး မလုပ်ပါနှင့်။အခြားလူများကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဆက်ဆံပြောဆိုပါ။ သို့သော် သဘောလွယ်သူတစ်ယောက် မဖြစ်ပါစေနှင့်။
Ref: TOI
7daydaily
Posted in Health on July 9, 2015
Hoe Hoe Kyaw
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
