ဦးနှောက်အမြှေးရောင်ရောဂါ
19-Apr-2017
ဦးနှောက်အမြှေးရောင်ရောဂါသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သောရောဂါဖြစ်သည်။နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ နမ်းရှုံ ့ခြင်း၊ အသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း တို ့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။အသက်ရှုုလမ်းကြောင်းမှတဆင့်ကူးစက်တတ်သော ရောဂါဖြစ်သည်။
မည်သည့်အသက်အရွယ်မဆို ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်ပါတယ်။ ကလေးငယ်များ (မွေးစမှ အသက် ၁၈နှစ်အထိ )၊ အသက်အရွယ်ကြီးသူများ၊ ကိုယ်ခံအားကျနေသူများ( HIV ပိုးရှိသူ၊ ကင်ဆာရောဂါရှိသူများ စသည်ဖြင့် ) တွင် ပို၍အဖြစ်များပါတယ်။
နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ တုပ်ကွေးရောဂါ၊ ပါးချိတ်ရောင်ခြင်း၊ ရေရုံရောဂါ စသည်တို ့၏နောက်ဆက်တွဲ ဆိုးကျိုုးအနေဖြင့် ဖြစ်နိုင်ပါတယ်။မည်သည့်ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးဝင်ဝင် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်သည်။
ရောဂါလက္ခဏာများကတော့ အစပိုင်းတွင် ကိုယ်ခန္ဓာတွင် အနီစက်များပေါ်ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်း တို ့ဖြစ်တတ်သည်။ နောက်ပိုင်းရောဂါပြင်းထန်လာပါကအလင်းရောင်မကြည့်နိုင်ခြင်း၊ ခြေဖျားလက်ဖျားများအေးစက်ခြင်း၊ မှိန်းနေခြင်း၊ ဂယောင်ဂတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို ့ထိဖြစ်နိုင်ပါတယ်။
စကားမပြောတတ်သေးသည့်ကလေးငယ်များတွင် အစားမစားတော့ခြင်း၊ ဂျီကျနေခြင်း၊ ငယ်ထိပ်ဖောင်းနေခြင်း၊ ပျော့ခွေသွားခြင်း၊ စူးစူးဝါးဝါးအော်ငိုနေခြင်း၊ ကိုယ်ခန္ဓာတောင့်တင်းနေခြင်း စသည်တို ့ဖြစ်တတ်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများမှာ အမြင်အာရုံ၊ အကြားအာရုံချို ့တဲ့ခြင်း၊ အတက်ရောဂါကျန်ခဲ့ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ဖွံ ့ဖြိုးမှုနှင့် ဉာဏ်ရည်ချို ့တဲ့ခြင်း၊ သွေးလန် ြ့ခင်း၊ အသက်သေဆုံးခြင်းတို့ အထိဖြစ်နိုင်ပါတယ်။
Dr.Moon (7887 Healthcare Call Center )
Ref: nhs choice
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
