AIDS ဆေးဝါးများကို စတင်စားသုံးသင့်သူများ
28-Feb-2017
၁။ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာ ခံစားနေရသူများ။
၂။ ရောဂါလက္ခဏာမရှိသော်လည်း -
(က) CD4 သွေးဖြူဥ 200/ mm3 အောက် လျော့နည်းသူ၊ သို့မဟုတ်
(ခ) စုစုပေါင်းသွေးဖြူဥ အရေအတွက်(Total Lymphocyte conunt) 1200/mm3 ထက်ပိုလျော့နည်းသူ။
ARV ဆေးဝါးများ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်
၁။ AIDS ရောဂါကြောင့် သေဆုံးမှုနှုန်းကို လျှော့ချရန်
ဥရောပတွင် သုတေသန ပြုချက်များအရ ARV ဆေးဝါးများကို မှီဝဲခြင်းကြောင့် AIDS ရောဂါဖြင့် သေဆုံးမှုနှုန်းကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျစေသည်။
၂။ ခနွာကိုယ်၏ ခုခံအားကို ပြန်လည်တိုးတက်စေရန်
ARV ဆေးဝါးများကို မှီဝဲခြင်းဖြင့် သွေးထဲရှိ CD4 သွေးဖြူဥ အရေအတွက်သည် တစ်နှစ်လျှင် 100 မှ 150/mm3 အထိ တိုးတက်လာသည်ကို တွေ့ရပါသည်။
၃။ ရောဂါတိုးတက်မှုကို တားဆီးရန်
ရောဂါပိုးများကို သွေးထဲတွင် လုံးဝနီးပါးမရှိအောင် နှိမ်နင်းထားခြင်းဖြင့် ရောဂါတိုးတက်မှုကို ထိရောက်စွာ တားဆီးနိုင်ပါတယ်။ သုတေသနပြုချက်များအရ သွေးထဲတွင် HIV ရောဂါပိုးရှိပြီး နောက် ARV ဆေးဝါးများကို ပုံမှန်မှီဝဲသော သူများ၏ ၈၀ ရာခိုင်နှုန်း ကျော်မှာ AIDS သို့ ရောက်ရှိခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
၄။ ရောဂါကူးစက်မှုကို တားဆီးရန်
ရောဂါကူးစက်မှုသည် သွေးထဲရှိ HIV ရောဂါပိုးပမာဏ များလေလေ၊ ကူးစက်မှု ပိုမိုများလေလေဖြစ်ပါသည်။ ARV ဆေးဝါးများကို ပုံမှန်မှီဝဲခြင်းဖြင့် သွေးထဲရှိ HIV ရောဂါပိုး ပမာဏကျဆင်းပြီး၊ ကူးစက်ရန် အလားအလာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။
၅။ သက်တမ်းရှည်စေရန်
ARV ဆေးဝါးများကို မှီဝဲခြင်းဖြင့် ဆေး၏ ဆိုးကျိုးများကို ဆိုးဆိုးရွားရွား ခံစားရ၍ ဆေးဆက်မသောက်နိုင်သူများနှင့် ဆေးပြီးသူများ (drug resistance) များမှအပ ကျန်သူများမှာ ဆေးမှီဝဲနေသမျှ အသက်ရှူနေနိုင်ကြောင်း တွေ့ရှိရပါသည်။
၆။ လူ့သက်တမ်းစေ့ နေနိုင်အသက်ရှင်နိုင်ရန်
ARV ဆေးဝါးများကို မှီဝဲခြင်းဖြင့် ကိုယ်ခံအားတက်လာပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ ပုံမှန်အလုပ်များကို ပြန်လည်လုပ်နိုင်လာသည်ကို တွေ့ရှိရပါသည်။ တချို့တွင် အားကစားများကိုပင် ပြန်လည်လုပ်လာနိုင်သည်ကို တွေ့ရှိရပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်စန်း
Health for all magazine, October 2015, Pg.55
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
