ဂျပန်ဦးနှောက်ရောင် အကြောင်း သိကောင်းစရာ
27-Feb-2017
ဂျပန်ဦးနှောက်ရောင်ရောဂါက ခြင်ကိုက်တာကြောင့် အဲဒီကနေ ဗိုင်းရပ်စ်ပိုးက တစ်ဆင့် ဖြစ်ပွားရတာပါ။ အရှေ့တောင်အာရှမှာ အတော်လေးအဖြစ်များပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက တိရိစ္ဆာန်တချို့မှာရှိပြီး ခြင်ကတစ်ဆင့် သယ်ဆောင်ကာ လူကိုကိုက်ရင် ဒီရောဂါဖြစ်ပွား ရတာပါ။ ခြင်ကိုက်တတ်တဲ့နေရာက လယ်ကွင်းတွေ၊ ဒီဗိုင်းရပ်စ်မပိုးရှိတဲ့ တိရစ္ဆာန်တွေက ဝက်တို့၊ လည်တံရှည် ငှက်တို့၊ အဲဒီပိုးကို သယ်ဆောင်တဲ့ကောင်က ခြင်၊ အားလုံးပေါင်းလိုက်ရင် လယ်ကွင်းတို့၊ လည်တံရှည်ငှက်၊ ဝက်တွေရှိတယ်၊ ခြင်ကိုက်ခံရတယ်ဆိုရင် ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါက ဖြစ်ရင်နှစ်မျိုးပဲရှိပါတယ်။ တစ်မျိုးက အသေအပျောက်နဲ့ နောက်တစ်မျိုးက မစွမ်းမသန်ဖြစ်တာပဲ။ ပြန်ကောင်းတာ အနည်းစုပါပဲ။ ဒါကြောင့်ရောဂါကာကွယ်မှုကို ၉၈-၁၀၀ ရာခိုင်နှုန်းအထိ အပြည့်အဝ ကာကွယ်နိုင်တာကြောင့်
ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ လောလောဆယ်မှာတော့ ကံမကောင်းစွာဘဲ ကာကွယ်ဆေးက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းကြီးတွေမှာပဲ ထိုးလို့ ရနိုင်သေးတယ်။ နိုင်ငံတော် အစိုးရရဲ့ တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုး စီမံချက်ထဲတော့
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မပါသေးပါဘူး။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို အသက်ကိုးလအရွယ်မှာ စတင်ထိုးနှံနိုင်ပြီး ကာကွယ်မှု အနည်းဆုံး ၁၀ နှစ်ကျော်ကြာ ရရှိနိုင်ဖို့အတွက် နောက်ထပ် ကာကွယ်ဆေးတစ်လုံးကို ပထမဆေးတစ်လုံး ထိုးအပြီး တစ်နှစ်မှနှစ်နှစ် အကြာတွင် ထိုးနှံရမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကစပြီး လူကြီးတွေမှာတော့ တစ်လုံးသာ ထိုးနှံ့ဖို့ လိုအပ်ပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
