စီရောဂါပိုးရှိသူတွေဟာ ဘယ်လိုရောဂါမျိုးထပ်ဖြစ်ရင် အသည်းမြန်မြန်ခြောက်နိ...
24-Feb-2017
Co-morbid conditions လို့ခေါ်တဲ့ “စီ” ရောဂါပိုးနှင့် အခြားပူးတွဲဖြစ်တတ် တဲ့ ရောဂါများဟာ အသည်းပျက်စီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ “စီ” ရောဂါပိုးနှင့် HIV ပိုးဟာ သွေးသွင်း ကုသရသူတွေ၊ မူးယစ်ဆေးအကြောတွင်း ထိုးသွင်းသူတွေမှာ ပူးတွဲကူးစက်ရပါတယ်။ ဒီလိုပူးတွဲ ကူးစက်ခံရပြီဆိုရင်တော့ “စီ” ရောဂါပိုးကြောင့် အသည်းခြောက်မှုကို ပိုမိုမြန်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ “စီ” ရောဂါပိုးဟာ HIV ပိုးကူးစက်ခံရသူများကို ကိုယ်ခံအားကျရောဂါ AIDS အဆင့်သို့ လျင်လျင်မြန်မြန် ရောက်စေနိုင်ပါတယ်။
“စီ” ရောဂါပိုးနဲ့ “ဘီ” ရောဂါပိုးပြိုင်တူ ကူးစက်ခံရသူများဟာလည်း ဗိုင်းရပ်စ် ပိုးနှစ်မျိုး စလုံးရဲ့ အသည်းကို ဖျက်ဆီးမှု စွမ်းအားကြောင့် အသည်းခြောက် တဲ့အဆင့် ကို မြန်မြန်ရောက် သွားပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးရောဂါ ရှိသူတွေ၊ အဝလွန်ရောဂါ ရှိသူတွေ၊ ဆီးချိုရောဂါရှိပြီး အင်ဆူလင် ခုခံအားများသူ Insulin resistance ရှိသူတွေမှာ အသည်းခြောက်ရောဂါ ပိုဖြစ်စေနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာဝင်းနိုင်
(အသည်းရောဂါအထူးကု ဆရာဝန်ကြီး)
Health for all magazine, No.109, February 2016, Pg. 111
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
