ARV ဆေးဝါးများကို ဆေးဖက်ဝင်အပင်များ HERB နှင့် တွဲဖက် မစားသုံးသင့်။
24-Feb-2017
အချို့သော ဆေးဖက်ဝင်အပင်များသည် ကိုယ်ခံအားကို တိုးတက်စေသည်။ HIV ပိုးကိုသတ်နိုင်သည်။ အစရှိသဖြင့် ပြောဆိုသူများရှိပါသည်။ သို့သော် ထိုပြောဆိုချက်များ ကို ထောက်ခံသည့် သိပ္ပံနည်းကျ သက်သေအထောက်အထားများ လုံလောက်စွာ မရှိပါ။ ထို့ကြောင့် တစ်ကမ္ဘာလုံးရှိ တတ်ကျွမ်းနားလည်သည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အထူးကု ဆရာဝန်များသည် ဆေးဖက်ဝင် အပင်များကို မသုံးပါ။
ARV ဆေးဝါးများကိုသာ သီးသန့်သုံးစွဲပါသည်။ ARV ဆေးဝါးများကို ဆေးဖက်ဝင် အပင်များနှင့် တွဲဖက်စားသုံးခြင်းဖြင့်ARV ဆေးဝါးများ၏ အာနိသင်ကို လျော့စေခြင်းများ ဖြစ်တတ်သောကြောင့်ဆေးဖက်ဝင်အပင်များကို တွဲဖက်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်စန်း
Health for all magazine, November 2015, No. 106, Pg. 130
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
