ခုခံအားကျဆင်းမှု ကူးစက်ရောဂါကုဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
24-Feb-2017
၁။ မူးဝေအော့အန်ခြင်း၊
၂။ အိပ်မရခြင်း၊
၃။ လျှာအရသာ ခံစားမှုပြောင်းလဲခြင်း၊
၄။ ကြွက်သားများ နာကျင်ခြင်း၊
၅။ ခေါင်းကိုက်ခြင်း၊
၆။ ထိုင်းမှိုင်းလေးလံ၍ အားမရှိသလို ခံစားရခြင်း၊
၇။ ရိုးတွင်းခြင်ဆီ အားနည်းခြင်း၊
(က) စသောက်၍ လေးပတ်မှ ခြောက်ပတ်အတွင်း သွေးအားနည်းတတ်သည်။
(ခ) ၁၂ ပတ်မှ ၁၄ ပတ်အတွင်း သွေးဖြူဥများ ကျဆင်းလာတတ်သည်။ အခြေအနေဆိုးရွားပါက ARTဆေးကို ရပ်ရမည်ဖြစ်သောကြောင့် တတ်ကျွမ်းနားလည်သူ ဆရာဝန်များ၏ ကြီးကြပ်မှုအောက်တွင်သာ သောက်သုံးသင့်ပါသည်။
၈။ ခြေထောက်နှင့်တင်ပါး ကြွက်သားများအားနည်းခြင်း၊
၉။ အသည်းရောင်ခြင်း၊ ဆေးလိပ်သောက်သုံးသူ တစ်ရာတွင် တစ်ယောက်ခန့် ဖြစ်ပွား တတ်သည်။
၁၀။ သွေးထဲတွင် Lactic Acid များလာခြင်း၊ သွေးထဲတွင် Lactic Acid များလာပါက လူနာသည် မူးဝေအော့အန်ခြင်း၊ ရုတ်တရတ်မောလာခြင်းတို့ ဖြစ်ပွားပြီး အချိန်မီ မကုသပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။ ဆေးသောက်သူ တစ်ရာတွင် တစ်ယောက်ခန့် ဖြစ်ပွားတတ်ပါသည်။
၁၁။ လက်သည်းများ အပြာရောင်ပြောင်းခြင်း ဖြစ်စေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်စန်း
Health for all magazine, No.108,January 2016, Pg. 140
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
