ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော သွားဖုံးရောင်ရောဂါ
24-Feb-2017
ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သွားဖုံးရောင်ရောဂါသည် ကလေးများနှင့် လူငယ်များ တွင် အဖြစ်များပါသည်။ ရိုးရိုးရေယုန်ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်ပါတယ်။ အစတွင် ရေယုန်ကဲ့သို့ သွားဖုံး၊ ပါးစောင်၊ အာခေါင်များ အရည်ကြည်ဖုလေးများ ဖြစ်လာ ပါသည်။ ပေါက်သွားသည့်အခါ အလွန်နာသည်။ အနာလေးများဖြစ်တတ်ပါတယ်။ လည်ပင်းကျိတ်များရောင်ပြီး အဖျားတက်တတ်ပါသည်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သဖြင့် တစ်ပတ်ခန့်ကြာလျှင် အလို လိုပျောက်သွားပါသည်။ သို့သော် အခြားရောဂါပိုးများကို ကာကွယ်ရန် ပဋိဇီဝဆေးများ၊ အနာသက်သာသည့် ဆေးများနှင့် Sodium Perborate ခေါ် ဆေးဖြင့်ပါးစပ်ကို တစ်နေ့လေးကြိမ်ခန့် ကျင်းပေးရပါသည်။ Listerne, Chlorhexidine ကဲ့သို့သော ခံတွင်းငုံဆေးများလည်း သုံးနိုင်ပါသည်။ Infection, Mononucleosis Epstein Barr Virus ကြောင့်ဖြစ်သော ရောဂါတွင်လည်း သွားဖုံးရောင်ရောဂါ ဖြစ်နိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာတင်လတ်
Health for all magazine. No.105, October 2015, Pg. 61
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

