၅ နှစ်အတွင်း HIV ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်ရှိ
31-Oct-2016
ဥရောပသမ္မဂ ၉နိုင်ငံ၊ သြစတြေးလျ၊ ကနေဒါ နှင့် အမေရိကန်နိုင်ငံများမှ သိပ္ပံပညာရှင်များ ပူးပေါင်းပြီး Human Immunodeficiency Virus (HIV) ရောဂါပိုး ကာကွယ်ဆေးအတွက် ၅နှစ်အတွင်း ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားမည်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ World Health Organization အဆိုအရ ကမ္ဘာပေါ်ရှိ လူဦးရေ ၃၇ သန်းခန့်ဟာ HIV သို့ AIDS ရောဂါခံစားနေရပြီး နှစ်စဉ် လူဦးရေ ၂သန်းခန့်ဟာ HIV ရောဂါပိုးကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။“ ဒီ ပရောဂျက်အသစ်က ကျွန်တော်တို့ကို ပိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။ Molecular biologists,Immunologists, Virologists, Biotechnologists , Clinicians စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်ပေါင်းများစွာ ပါ၀င်ဖွဲ့စည်းထားပြီး စမ်းသပ်ခန်းမှာ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး လျင်လျင်မြန်မြန်နဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဆေးဝါးသစ်ကို ရှာဖွေဖော်ထုတ်မှာဖြစ်ပါတယ်။” လို့ Imperial College London မှ ပါမောက္ခဖြစ်သူ Robin Shattuck က ရှင်းလင်းပြောကြားထားပါတယ်။လက်ရှိစမ်းသပ် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို ယုန်၊ မျောက်နဲ့ ကြွက်တွေရဲ့ ဆဲလ်တွေအတွင်းမှာ စမ်းသပ်ထားပြီးဖြစ်နိုင်ချေရှိတဲ့ အကျိုးသက်ရောက်မှုတွေ တွေ့ရတယ်လို့ဆိုပါတယ်။
Ref:
လွင်ပြင်သတင်း
၅.၁၁.၂၀၁၅
Source:
Michelle - သစ်ထူးလွင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
