လိင်အင်္ဂါအနာများ (လိင်အင်္ဂါအနာကွက်များ)
31-Oct-2016
လိင်အင်္ဂါပေါ် အနာများဖြစ်ခြင်းအကြောင်းအရင်းမှာ လိင်အင်္ဂါအနာများ၊ အနာခွက်များကို လိင်ဆက်ဆံ ရာမှ ကူးစက်ရရှိသည်။ Syphilis နှင့် chancroid ကြောင့်ဖြစ်သော လိင်အင်္ဂါအနာများသည် ဆင်တူဖြစ်တတ် ပြီး ၄င်းတို့ကြောင့် AIDS ပိုးခန္ဓာကိုယ်တွင်းသို့ လွယ်ကူစွာဝင်ရောက် လာနိုင်သည်။
ဆစ်ဖလစ် Syphilis
Syphilis သည် အလွန်စိုးရိမ်ဖွယ်ရာ STD ဖြစ်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေတတ်ပြီး နှစ်ပေါင်းများစွာ ကြာတတ်သည်။ ၄င်းသည်ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး စောစီးစွာဆေးဝါးဖြင့် ကုသ ပါကပျောက်နိုင်သော ရောဂါဖြစ်သည်။
လက္ခဏာများ
• ပထမဆုံးဖြစ်တတ်သော လက္ခဏာမှာသေးငယ်၍ နာကျင်မှုရှှိသော ဝက်ခြံဖု (သို့) အရည်ကြည်ဖု (သို့) ပြား၍စိုသော ကြွက်နို့နှင့် တူသောအနာဖြစ်သည်။ ထိုအနာသည်ရက်အနည်းငယ် (သို့) သီတင်းပတ် အနည်း ငယ်တွင် အလိုလိုပျောက် သွားလိမ့်မည်။ သို့ရာတွင် ထိုရောဂါသည် ခန္ဓာကိုယ်အနှံ့ ဆက်လက်ဖြစ်ပေါ်သည်။
• သီတင်းပတ်ပေါင်း၊ လပေါင်းများစွာ ကြာသောအခါသင်သည် -
- လည်ချောင်းနာလာခြင်း။
- အဖျားဝင်လာခြင်း။
- လက်ဖဝါးနှင့် ခြေဖဝါးများတွင် အနီဖုများပေါက်လာခြင်း။
- ပါးစပ်တွင် အနာပေါက်ခြင်း (သို့) အဆစ်အမြစ်ရောင်ခြင်း များဖြစ်ပေါ်လာတတ်သည်။ ဤအချိန်တွင် သင်သည် အခြားသူအား ကူးစက်စေနိုင်သည်။ ဤလက္ခဏာများအားလုံးလည်း အလိုလိုပျောက်သွားသော်လည်း ရောဂါမှာ ဆက်လက်ဖြစ်ပွားနေသည်။ ဆေးဝါးကုသမှုရှိပါက နှလုံးရောဂါ၊ အကြောသေရောဂါ၊ စိတ်ရောဂါနှင့် အသက်ဆုံးရှုံးမှုအထိ ဖြစ်ပွားနိုင်သည်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် Syphilis
ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးငယ်သို့ Syphilis ရောဂါကူးစက်သွားစေနိုင်ပြီးစောစီးစွာမွေးဖွားခြင်း၊ ခန္ဓာကိုယ်ချို့ယွင်းသော ကလေးမွေးခြင်းနှင့် အသေမွေးခြင်းတို့ ဖြစ်ပွားနိုင်သည်။ မွေးရာပါ Syphilis ရောဂါရှိ သော ကလေးသည် ကျန်းမာရေးပြဿနာများစွာ ရှိတတ်သည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် သူ့အဖော်တို့သွေးစစ်ပြီး Syphilis ပိုးရှိသည်ဟု သိရပါက benzathine penicillin၂.၄ သန်းယူနစ်ကို တစ်ပတ်တစ်ကြိမ် သုံးပတ်ဆက်တိုက် ဆေးထိုးကုသသင့်သည်။
ReF: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
