MERS ဗိုင်းရပ်စ်၏ အဓိကရင်းမြစ်မှာ ကုလားအုပ်ငယ်များ ဖြစ်ကြောင်း တွေ့ရှိ
30-Oct-2016
အရှေ့အလယ်ပိုင်း နိုင်ငံများမှ အစပြုခဲ့ကာ ယခုအခါ တောင်ကိုရီးယား နိုင်ငံတွင် ကူးစက် ပြန့်ပွားခဲ့သော MERS ဗိုင်းရပ်စ်၏ အဓိက ရင်းမြစ်မှာ ကုလားအုပ်ငယ်များဖြစ်သည်ကို နိုင်ငံတကာ ပူးပေါင်းအဖွဲ့က သုတေသနပြု တွေ့ရှိ ထားပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ပူးပေါင်း သုတေသီ များက အသက် လေးနှစ်အရွယ် ကုလားအုပ်ကောင်ရေ ၈ဝဝ ခန့်ကို စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့၏ ယခင်ကနှင့်ယခု MERSရောဂါ ဖြစ်ပွားမှုကို လေ့လာဆန်းစစ်ခဲ့ရာ ကုလားအုပ်များသည် အသက် နှစ်နှစ်ခန့်တွင် MERS ဗိုင်းရပ်စ် ကူးစက်မှု ၉ဝ ရာခိုင်နှုန်း ရှိပြီး အသက်ကြီးလာသည်နှင့်အမျှ ဗိုင်းရပ်စ် ကူးစက်မှုလည်း လျော့နည်းသွားသည်ကို တွေ့ရသည်ဟု ပြောပြသည်။ ထို့အတွက် ကုလားအုပ်ငယ်များ ပြုစုပျိုးထောင် ထိန်းကျောင်းပုံစနစ်ကို ပြုပြင်ပြောင်းလဲသင့်ကြောင်း သိပ္ပံပညာရှင်များက အကြံပေးထားသည်။
ကမ္ဘာပေါ်တွင် လူသားများထံ MERS ဗိုင်းရပ်စ် ကူးစက်မှုကို ၂ဝ၁၂ ခုနှစ် ဇွန်တွင် ပထမဆုံး အကြိမ် တွေ့ရှိခဲ့ပြီး ယနေ့ အချိန်ထိ MERS ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေ ၁၁ဝဝ ရှိပြီဖြစ်ကာ ၄င်းတို့ အနက် ဦးရေ ၄ဝဝ သေဆုံးခဲ့ကြောင်း၊ ဥရောပ ၊ အာရှ ၊ အာဖရိက သုံးနေရာတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ MERS ဗိုင်းရပ်စ် ကူးစက်မှုကိုတွေ့ခဲ့ရကြောင်း၊ ဆော်ဒီအာရေဗျ နိုင်ငံတွင် အဆိုးဆုံး ကူးစက်မှု ဖြစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ထိုစဉ်မှပင် MERS ဗိုင်းရပ်စ်၏ ရင်းမြစ်ကို ရှာဖွေကာ အမြစ်ပြတ် သုတ်သင်ရန် ဆေးသိပ္ပံ ပညာရှင် များက ကြိုးပမ်း နေခဲ့ရာ ယခုအခါကုလားအုပ်ငယ်များက အဓိက ရင်းမြစ် ဖြစ်သည်ကို တွေ့ရှိ ခဲ့သည်။ ''MERS ဗိုင်းရပ်စ်ဟာ လေထဲကနေ ပျံ့နှံ့ ကူးစက်တာ မဟုတ်ပါဘူး။ ကုလားအုပ ်ကနေ လူသားတွေဆီ ကို ဘယ်လို ကူးစက်တယ် ၊ လူတစ်ဦးနဲ့ တစ်ဦးဆီကို ဘယ်လို ဆက်လက် ကူးစက်တယ် ဆိုတာကိုတော့ လေ့လာ နေဆဲပဲ ဖြစ်ပါတယ် ''ဟု ၄င်းက ဆက်လက် ရှင်းပြသည်။
Ref:
PyiChitThar
News Myanmar Website
27.10.2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
