ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ သိကောင်းစရာများ
23-Feb-2018
ခွေးရူးပြန်နေတဲ့ သတ္တဝါတွေမှန်သမျှ သူ့ခန္ဓာကိုယ်ကနေ ဗိုင်းရပ်စ်ကနေ ဗိုင်းရပ်စ်တွေပွားပြီး နည်းမျိုးစုံနဲ့ ကူးနိုင်ပါတယ်။ ဦးနှောက်နဲ့ အနီးဆုံးဖြစ်တဲ့ တံတွေးဂလင်းနဲ့ တံတွေးကနေ ကူးတယ်။ ဒါ့ကြောင့် ခွေးတို့ ကြောင်တို့ ကိုက်ရင် ကူးတယ်လို့ပြောတာပါ။ အကိုက်ခံရတဲ့ ကြွက်သားကနေ ထိစပ်နေတဲ့ (Neuromuscular Junction) ကနေ လှုပ်ရှားမှုဆိုင်ရာ အာရုံကြော (Motor nerve) ထဲ ရောက်ပြီး ဦးနှောက်ဆီကို ပြန်သွားရာမှာ ဦးနှောက် အောက်ခြေကို ရောက်တာနဲ့ ရောဂါလက္ခဏာပြပါတယ်။ ခွေးအ၊ မြွေပါ၊ မြေခွေးစတဲ့ တောရိုင်း သတ္တဝါတွေကနေ ကူးစက်နိုင်ပြီး ကမ္ဘာရဲ့ တခြားတိုက်ကြီးတွေ ဥပမာ - ဥရောပ တိုက်လိုနေရာမျိုးတွေမှာ တိရစ္ဆာန်တွေကနေ ကူးပါတယ်။ အမေရိကတိုက်မှာ လင်းနို့နဲ့ ထိလိုက်ရုံနဲ့ Sensory Nerve ဆိုတဲ့ ထိတွေ့မှုသိတဲ့ အာရုံကြောမှတဆင့် ကိုက်တာမဟုတ်ဘဲ ကူးစက်ပါတယ်။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးဖို့ဆိုတာကတော့ ဗိုင်းရပ်စ် Aerosol ဆိုတဲ့ အရည်အခဲ ပုံစံဖြစ်နေတဲ့အထဲမှာ ရှိနေမယ်ဆိုရင် ကိုယ်ကရှူမိတာနဲ့ ကူးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခွေးကိုက်တာကနေ ကူးပြီး ရောဂါဖြစ်တာကများတယ်။ လင်းနို့ကနေ ကူးစက်တယ်ဆိုတဲ့ ဖြစ်ရပ်ကတော့ မတွေ့ဖူးပါဘူး။ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံအရဆိုရင် လင်းနို့ကနေ လူဆီကို ခွေးရူးရောဂါ ကူးစက်တာမျိုး မတွေ့ဖူးဘူးလို့ ဆိုပါတယ်။
ခွေးရူးပြန်ရောဂါ ဖြစ်နေချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာဗိုင်းရပ်စ်ပိုးတွေကို မမြင်ရတာမို့ မကူးစက်ဘူးလို့လည်း ပြောဖို့ခက်ပါတယ်။ ဥပမာ တိရစ္ဆာန်တွေက သူ့လျှာနဲ့ လက်သည်း၊ ခြေသည်းတွေကို ထိတွေ့ထားမယ်၊ ကိုယ်ကိုကုတ်မယ်၊ အနာနဲ့ ဗိုင်းရပ်စ်ကို ထိတွေ့မယ်ဆိုရင်တော့ ဒါကလည်း ရောဂါကူးနိုင်ပါတယ်။ ခွေးရူးရောဂါ သံသယ လက္ခဏာတွေဖြစ်တဲ့ ရေကြောက်တာ၊ ရေသောက်လို့ မရတာ၊ အကိုက်ခံရတဲ့ နေရာတွေ ယားတာ၊ လူ့ရဲ့အမူအရာတွေ ပြောင်းလာတာ၊ လေတိုက်တာကိုပါ ကြောက်တာ စတဲ့လက္ခဏာတွေပေါ်လာပြီဆိုရင်တော့ နှစ်ရက်၊ သုံးရက်၊ အများဆုံး တစ်ပတ်အတွင်း သေဆုံးမှာပါ။ မလွဲမသွေ အသက်ဆုံးရှုံးရတော့မှာပါ။
ခွေးကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်း (Post Exposure Prophylaxis)
Rabies Immunoglobulin (HRIG) ဆေးရည်ကို ၁ကြိမ်ထိုးပြီး Rabies vaccine (ခွေးရူးကာကွယ်ဆေး)ကို အကိုက်ခံရတဲ့နေ့၊ ၃ရက်မြောက်နေ့၊၇ ရက်မြောက်နေ့၊၁၄ ရက်မြောက်နေ့၊ စုစုပေါင်း ၄ ကြိမ်ထိုးရမှာပါ။
ကာကွယ်ဆေးအပြင် ဈေးကြီးတယ်လို့ပြောတဲ့ Rabies Immunoglobulin (RIG) မထိုးလျှင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။
ပြင်းထန်သောဒဏ်ရာနဲ့ ရောဂါကူးစက်ခံရမှု အန္တရာယ်များတဲ့အခါ အသင့်ရောဂါကာကွယ်ပြီး ဆေးကို ထိုးပေးသင့်ပါတယ်လို့ ပြောခဲ့ပါပြီ။ အန္တရာယ်ရှိနိုင်သူတွေက မထိုးရင် စိတ်မချရဘူးပေါ့။ ရက် ၉၀ အတွင်း ရောဂါများဖြစ်မလား။ ရင်တထိတ်ထိတ်နဲ့ လက္ခဏာပေါ်လာရင် ဒီရောဂါပဲ၊ စိတ်မကောင်းဘူးလို့ စောင့်ကြည့်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ တတ်နိုင်ရင် ထိုးသင့်တဲ့ အဆင့်သင့်မှာ ထိုးလိုက်နိုင်တာ စိတ်အချရဆုံးပါ။
Credit: ဒေါက်တာတင့်တင့်ကြည်,
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
