HIV နဲ့ အရေပြား
29-Nov-2017
PPE လို့ခေါ်တဲ့ Pruritis Papular Eruptions ဟာလဲ အဓိကယားစေတဲ့ ပြဿနာပါ။ မိတ်ဖုတို့ ဝက်ခြံတို့အရွယ် ယားဖုလေးတွေပေါ်ပြီး ယားတာပါ။ နောက်ကျောတို့၊ ပေါင်တို့မှာ အများအပြားတွေ့ရတတ်တယ်။ အလွန်ယားတာပါ။ နူနာဝဲစွဲလို့ ရှေးတုန်းကပြောခဲ့သလို ဝဲပေါက်တာလဲ HIV ပိုးရှိသူမှာ အထူးသဖြင့် AIDS ဖြစ်သူတွေမှာ အလွန်ဒုက္ခပေးတတ်တဲ့ ပြဿနာပါ။ ဖြစ်ရင်လည်း သာမန်ဝဲမဟုတ်ဘူး။ စူပါဝဲပါ။ ဘာလို့လဲဆိုတော့ သာမန်ပုဂ္ဂိုလ်တွေမှာ ဝဲဖြစ်ရင် ဝဲပိုးက ဆယ်ကောင် ပတ်ဝန်းကျင် လောက်ပဲရှိနိုင်ပေမယ့် AIDS လူနာဝဲစွဲရင်တော့ ဝဲပိုးက သန်းချီပြီ ရှိနိုင်တာမို့ အလွန်ကူးလွယ်ပါတယ်။
HIV လူနာတွေမှာ ဆေးမတည့်တာလည်း ပြဿနာပါပဲ။ အဲဒီမတည့်တဲ့ ဆေးတွေထဲမှာ ဆေးထဲမှာ ဆာလဖာဓာတ်ပါတဲ့ Septrin လို ဆေးမျိုးက အဆိုးဆုံးပါပဲ။ ဒီဆေးက HIV လူနာမှာ ထပ်ဆင့်ဝင်နိုင်တဲ့ ပိုးတွေကို ကာကွယ်တဲ့အခါမှာ အခရာကျပါတယ်။ ဆေးမတည့်တော့ အရေပြားမှာ ယားဖုတွေထွက်ပြီး ယားတော့တာပါပဲ။ တချို့ကျတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။ တချို့ AIDS ကုတဲ့ ဆေးတွေနဲ့ မတည့်ရင်လည်း ယားတတ်ပါသေးတယ်။
အရေပြားမှိုအမျိုးမျိုးရှိတဲ့အနက် ကန်ဒီဒါဆိုတဲ့ ရိခ်မှိုစွဲခြင်းဟာ HIV လူနာမှာ အဖြစ်အများဆုံးပါပဲ။ HIV လူနာမှာ အဖြစ်အများဆုံးပါပဲ။ HIV လူနာရဲ့ ကိုယ်ခံအား မတိမ်အနက် ပေါ်မူတည်ပြီး ဒီမှိုကလည်း နည်းနည်းကနေ အများအပြားထိ ဖြစ်လာနိုင်တယ်။ ဆိုလိုတာက ကိုယ်ခံအား အတိမ်အနက် ပေါ်မူတည် ဒီမှိုကလည်း နည်းနည်းကနေ အများအပြားထိ ဖြစ်လာနိုင်တယ်။ ဆိုလိုတာက ကိုယ်ခံအား များများကျသွားလေ ဒီမှိုစွဲတာ များများတွေ့ရလေပါပဲ။ CD4 ဆိုတဲ့ သွေးဖြူဥနည်းသွားလေ၊ မှိုစွဲနိုင်လေပါ။
တစ်နည်းအားဖြင့် ပါးစပ်နဲ့ အာခံတွင်းမှာ မှက္ခရုစွဲတာ ဒီမှိုပါပဲ။ ဝက်ခြံတို့။ လိင်အင်္ဂါတို့မှာ မှိုစွဲတာလည်း ဒီမှိုအမျိုးအစားပါပဲ။ ဒါကြောင့် လူတစ်ယောက်အကြောင်းမဲ့ ပါးစပ်ထဲမှာ မှက္ခရုတွေ ပေါက်နေပြီဆိုရင်တော့ ဆရာဝန်တွေက HIV မသင်္ကာလို့ သွေးစစ်ကြည့်ဖို့ လူနာကို တိုက်တွန်းလေ့ရှိပါတယ်။
Credit: ဒေါက်တာကျော်ကျော် (အရေပြားအထူးကု)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
